ဒီရာသီ စီးရီးအေပြိုင်ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အငှားချထားတဲ့ ဆန်းချက်ဇ်နဲ့ စမောလင်းတို့ကို ပြန်လည်ခေါ်ယူသွားမယ်လို့ သိရပါတယ်။
မန်ယူကစားသမားတွေဖြစ်တဲ့ ဆန်းချက်ဇ်က အင်တာမီလန်အသင်းမှာ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာ ဖြစ်သလို စမောလင်းက ရိုးမားအသင်းမှာ အငှားနဲ့သွားရောက်ကစားနေတာပါ။ စီးရီးအေ နောက်ဆုံးပွဲစဉ်တွေကို သြဂုတ် ၂ ရက်မှာ အပြီးသတ်မှာဖြစ်ပြီး ဆန်းချက်ဇ်နဲ့ စမောလင်းကို မန်ယူက ပြန်ခေါ်မယ်လို့ သိရပါတယ်။

Source: The Sun
စမေားလင်းဟာ ရိုးမားအသင်းအတွက် (၃၄) ပွဲကစားပေးထားပါတယ်။ ရိုးမားအသင်းတာဝန်ရှိသူတွေက အသင်းမှာ ခြေစွမ်းပြသနေတဲ့ နောက်ခံလူ စမေားလင်းကို အပြီးသတ်ခေါ်ယူစာချုပ်ချုပ်ချင်နေတာပါ။ မန်ယူအသင်းဖက်ကို ကမ်းလှမ်းမူတွေပြုလုပ်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမူမရရှိခဲ့ပါဘူး။

Source: The Sun
မန်ယူအသင်းဟာ အင်တာမီလန်နဲ့ ရိုးမားတို့ ဆက်ကစားရမယ့် ယူရိုပါလိဂ် ပွဲစဉ်တွေမှာ ဆန်းချက်နဲ့စမေားလင်း ဆက်လက် ပါဝင်ကစားခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
အကယ်၍ ရိုးမားအသင်းဟာ ဆီးမီးဖိုင်နယ်အဆင့်ထိ တက်ရောက်လာနိူင်ခဲ့မယ်ဆိုရင် မန်ယူအသင်းနဲ့ တွေ့ဆုံနိူင်ဖွယ်ရှိပြီး အင်တာနဲ့လည်းဖိုင်နယ်ပွဲစဉ်မှာ တွေ့ဆုံနိူင်ဖွယ်ရှိနေပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ သူတို့ရဲ့ကစားသမားတွေကို စာချုပ်ပြည့်တာနဲ့ ပြန်လည်ခေါ်ယူဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။

Source: www.ruiksports
ဒါပေမယ့် မန်ယူဟာ ဆန်းချက်ဇ်နဲ့ စမောလင်းတို့ကို အပြီးသတ်ရောင်းချဖို့ စီစဉ်နေပါတယ်။ အပြီးသက်ဝယ်ယူမယ့် အသင်းကိုလည်း ရှာဖွေနေတယ်လို့ သိရပါတယ်။ ပြီးတော့ ဖီးလ်ဂျုံး၊ လင်ဂတ်၊ မားကို့စ်ရိုဟိုတို့ကို ရောင်းချဖို့စီစဉ်နေပြီး အသင်းအတွက် အကျိုးပြုနိူင်တဲ့ ကစားသမားအသစ်ခေါ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
