မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ပါရဲရားဟာ လီဗာပူးကြယ်ပွင့်ကစားသမား ၂ ဦးဖြစ်တဲ့ ဂျိမ်းစ်မီလ်နာနဲ့ ဗန်ဒိုက်တို့ဟာ ၎င်း ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်ကစားသမားတွေထဲမှာ အမောက်မာဆုံးကစားသမားတွေဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Liverpoolecho က ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမား ပါရဲရားက Desimpedidos နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပရီးမီးယားလိဂ်ရဲ့အမောက်မာဆုံးကစားသမားတွေကို ရွေးချယ်ပေးဖို့ ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Photo: Goal.com

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါရဲရားဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၅၀ ကျော်ပါဝင်ကစားပေးထားသူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ကစားသမားအများစုနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် လီဗာပူးကြယ်ပွင့် ၂ ဦးကို ပေါ်တူဂီစကားမှာ မောက်မာသူလို့ အဓိပ္ပာယ်ရတဲ့ Marrento လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မီလ်နာကို ကျွန်တော်တကယ်ကို မနှစ်သက်ပါဘူး””ခင်ဗျားကို အမှန်တရားတစ်ခု ပြောပြမယ်။ ကျွန်တော် အဲဒီကောင်ကိုလည်း မကြိုက်ဘူး။ နောက်တန်းကစားသမား ဗန်ဒိုက်ပေါ့။ မောက်မာတယ်ဗျ ကိုယ့်လူ။ သူကစားတဲ့ပုံစံမျိုးကတောင် မောက်မာတဲ့ပုံစံပဲ”လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

Source : Manchester Evening News