၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ပြိုင်ပွဲကို (၂၀၂၀) ခုနှစ် စက်တင်ဘာ (၁၂) ရက် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက အတည်ပြုပြောကြားလိုက်ပြီဖြစ်ပါတယ်။ ပွဲစဉ်ဇယား အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ ပွဲမစခင် တစ်ပတ်အလိုမှာ ထုတ်ပြန်ဖို့ရှိတယ်လို့ သိရပါတယ်။

Source: Talk Sport

၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးပြီး ဩဂုတ်လ (၈) ရက်နေ့တွင် ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ရာသီသစ်ကို ပြန်လည်စတင်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုးဗစ်-၁၉ ဗိုင်းရပ်စ် ကြောင့် ပြောင်းလဲမူတွေ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ပြိုင်ပွဲက ဇူလှိုင် (၂၆) ရက် တနင်္ဂနွေနေ့တွင် ပြီးဆုံးမှာဖြစ်ပါတယ်။ တစ်ချို့ကလပ်တွေကတော့ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ဆက်ပြီး ကစားရမှာ ဖြစ်ပါတယ်။

Source: 90MIn

အက်ဖ်အေဖလားဗိုလ်လုပွဲကို စနေနေ့ သြဂုတ်လ (၁) ရက်တွင် ဝင်ဘာလေ ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ချန်ပီယံရှစ် Play-offs ပွဲစဉ်ကိုလည်း ဩဂုတ်လ (၄) ရက်နေ့တွင် ဝင်ဘာလေကွင်းမှာပဲ ကျင်းပမှာဖြစ်ပါတယ်။

ဥရောပပြိုင်ပွဲတွေကို သြဂုတ်လအတွင်း အပြီးကျင်းပဖို့ စီစဉ်ထားပါတယ်။ သြဂုတ် (၂၁) ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲ၊ သြဂုတ် (၂၃) ရက်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး သြဂုတ် (၃၀) ရက်မှာတော့ ကွန်မြူနဒီဒိုင်ဗိုလ်လုပွဲ ကျင်းပမှာဖြစ်ပါတယ်။

Source: Yaho Sports

ဩဂုတ်လ (၁၂) ရက်နေမှာတော့ ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ပွဲစဉ်တွေ စတင်ကျင်းပမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ကိုတော့ ၂၀၂၁ မေလ (၂၃) ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ပြည်တွင်း ဖလားပြိုင်ပွဲတွေအတွက်တော့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေအနေနဲ့ ဆက်လတ်ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။