လူတော်တော်များများကတော့ အလုပ်ခွင်မှာ အလုပ်အရမ်းများနေတာဟာ ထိရောက်မှုရှိတယ်၊ အကျိုးရှိတယ်လို့ယူဆထားကြပါတယ်။ တစ်ချို့လူတွေကတော့ ဒါကိုလက်မခံကြပါဘူး။ အလုပ်အရမ်းများနေခြင်းဟာ အလုပ်အတွက်အကျိုးရှိတယ် ထိရောက်မှုရှိတယ်လို့ ပြောလို့မရသလို ထိရောက်မှုရှိဖို့ အကျိုးရှိဖို့ကို တစ်နေကုန် မနားတမ်း အလုပ်လုပ်နေဖို့ မလိုအပ်ပါဘူး။
ဒီနေ့တော့ kwee page ကနေအလုပ်များတဲ့ လူနဲ့ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူတွေကြားက ကွာခြားချက်လေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| သူတို့စီမှာ အရမ်းအရေးကြီးတဲ့ ကိစ္စရပ်တွေရှိနေသလို ပြုမူတက်ကြတယ်။ | ကိစ္စရပ်တွေအားလုံးကို အေးဆေးတည်ငြိမ်စွာ လုပ်ဆောင်တက်ကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| ဦးစားပေးလုပ်ရမယ့်ကိစ္စရပ်တွေ အများကြီးရှိတယ်။ | ဦးစားပေးလုပ်ရမယ့်ကိစ္စရပ်တွေ အနည်းငယ်သာရှိတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| ကိစ္စရပ်တစ်ခုကို ခပ်မြန်မြန်အဖြေပေးတက်ကြတယ်။ | ကိစ္စရပ်တစ်ခုကို အချိန်ယူပြီး စဉ်းစားတက်ကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| အလုပ်ကို အာရုံစိုက်ကြတယ်။ | အလုပ်တွေကို ဘယ်လိုရှင်းလင်းအောင် လုပ်ရမလဲဆိုတာကို အာရုံစိုက်ကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| တံခါးပေါက် အားလုံးကိုဖွင့်ထားတက်ကြတယ်။ | တံခါးပေါက် အားလုံးကို ပိတ်ထားတက်ကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| သူတို့အလုပ်ဘယ်လောက်ထိ ရှုပ်နေလဲဆိုတာကို ပြောပြတက်ကြတယ်။ | အလုပ်နဲ့ သက်သေပြကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| အမြဲတမ်း အချိန်မလောက်ဘူးဆိုပြီး ပြောတက်ကြတယ်။ | အရေးကြီးတဲ့ ကိစ္စရပ်တွေအတွက် အချိန်ပေးကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ကြတယ်။ | အလုပ်တစ်ခုကို အရင်ပြီးအောင် အာရုံစိုက်ပြီးလုပ်ကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| ဝင်လာတဲ့ မက်ဆေ့တွေ အကုန်လုံးကို ချက်ခြင်းဖြေကြတယ်။ | အကောင်းဆုံးအဖြေကို ရွေးချယ်ဖို့အတွက် အချိန်ယူစဉ်းစားကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| သူတို့အနားမှရှိတဲ့လူတွေအကုန်လုံးကိုလည်း အလုပ်များစေချင်ကြတယ်။ | အနားမှာရှိတဲ့လူတွေကို ထိထိရောက်ရောက် အလုပ်လုပ်စေချင်ကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| ပြောင်းလဲဖို့အကြောင်းတွေကို ပြောကြတယ်။ | အဆက်မပြတ် တိုးတက်အောင်လုပ်ဆောင်ပြီး ပြောင်းလဲတက်ကြတယ်။ |

| အလုပ်များတဲ့လူများ | ထိရောက်မှုရှိရှိ အလုပ်လုပ်တက်တဲ့လူများ |
| အကြံဉာဏ်တောင်းတက်ကြတယ်။ | ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကို ကိုယ်တိုင် ပြီးစီးအောင် လုပ်တက်ကြတယ်။ |
Source: Bright Side
