နုပျိုခြင်းဟာ ကာလတိုပါတယ်။ ကြမ်းတမ်းခက်ထန်တဲ့ ရာသီဥတုကြောင့် ၊ အစားအသောက်နဲ့ စိတ်ဖိစီးမှုကြောင့် ၊ အနေအထိုင်ဂရုမစိုက်တာ ကြောင့် စသည်ဖြင့် မြောက်များလှစွာသော အကြောင်းရင်းတွေကြောင့် ရုပ်တွေ အလွယ်တကူ အိုစာသွားနိုင်ပါတယ်။
အရွယ်ကလေး ရလာတဲ့အခါ နုပျိုမှုကို တတ်နိုင်သမျှ ကာကွယ်ဖို့ အခုပြောမယ့် အချက်လေးတွေကို နေ့စဉ် လုပ်ပေးသွားဖို့တော့ လိုပါတယ်။
(၁) Hair Care လုပ်ပါ

Photo: Freepik
အသက်ကြီးလာလေ သပ်သပ်ရပ်ရပ်နေဖို့ လိုလေလေပါပဲ။ အသက် ၃၀ နောက်ပိုင်းမှာဆို ထိပ်ပြောင်လာနိုင်ပါတယ်။ ဆံပင်တွေ ဖြူလာနိုင်ပါတယ်။ ဒါ့ကြောင့် ဆံပင်ကျန်းမာရေးကောင်းအောင် ဂရုစိုက်ပါ။ ခေါင်း ပုံမှန်လျှော်ပါ။ Gel နဲ့ Wax လို Heavy Hair Products တွေ ရှောင်ကြဉ်ပါ။
(၂) မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေး သပ်သပ်ရပ်ရပ်ထားပါ

Photo: Freepik
ရုပ်ရင့်စေတဲ့ အရာတွေထဲမှာ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ် ပါးသိုင်းမွေးတွေလည်း ပါပါတယ်။ မုတ်ဆိတ်ထားတဲ့သူဆိုရင် သပ်သပ်ရပ်ရပ် ဖြစ်အောင် တိုတာ တိတာမျိုး လုပ်သင့်ပါတယ်။ မုတ်ဆိတ်မထားရင်တော့ မျက်နှာပိုနုနိုင်ပါတယ်။
(၃) အသားအရေထိန်းသိမ်းပါ

Photo: Freepik
အရေပြားဟာ သင့်ကို နုပျိုခြင်း နဲ့ ရင့်ရော်ခြင်းအကြောင်း စကားပြောနိုင်ပါတယ်။ အသားအရေမထိခိုက်စေဖို့ နေပူထဲ သွားတိုင်း Sunscreen သုံးတာ ၊ နေကာမျက်မှန်ဝတ်တာမျိုး လုပ်သင့်သလို နေ့/ည Moisturizer နဲ့လည်း အစိုထိန်းနိုင်ပါတယ်။ မျက်နှာချေးညှော်ကင်းစေဖို့ မျက်နှာကို တစ်နေ့ နှစ်ကြိမ် ပုံမှန် သစ်ပေးဖို့ လည်း လိုပါတယ်။
(၄) ကျန်းမာရေး လိုက်စားပါ

Photo: Freepik
အသက် ၂၀ တုန်းကလို ဆက်နေရင် အသက် ၃၀ ကျော်တာနဲ့ အဖိုးကြီး ရုပ်ပေါက်သွားနိုင်ပါတယ်။ အားကစားလုပ်ပါ။ ကောင်းကောင်းအနားယူပါ။ လတ်ဆတ်တဲ့ အသီးအရွက်တွေ စားပြီး ရေများများ သောက်ပေးပါ။ ဆေးလိပ်ဖြတ်ပါ။ အရက်သေစာ ရှောင်ကြဉ်ပါ။
သွားကျန်းမာရေး အလေးထားပါ။ နေ့တိုင်း ပုံမှန် သွားတိုက်တဲ့အပြင် သွားပွတ်ကြိုးသုံးပြီး သွားကြိုသွားကြားထဲက အစာဟောင်းတွေ ဖယ်ရှားသင့်ပါတယ်။ သွားတွေမှာ ပိုးစားပေါက်တွေ ဖြစ်လာပြီ ၊ သွားအရောင်လည်း မကောင်းတော့ဘူးဆိုရင် သွားဆရာဝန်ဆီ သွားဖို့ မပျင်းပါနဲ့။
(၅) နုပျိုအောင် ဝတ်စားပါ

Photo: Freepik
အရောင်သိပ်ရင့်လွန်းတာတွေ မဝတ်ပါနဲ့။ လူကို အရွယ်ပိုကြီးတယ်လို့ မြင်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ လူငယ်ဆန်တဲ့ Jeans ၊ T-Shirit နဲ့ Sneaker တွေ ဝတ်ပြီး ကိုယ့်ဖက်ရှင်ကို အဆင့်မြှင့်သင့်ပါတယ်။ ဒါဆိုရင် အရွယ်ပိုတင်ပြီး နုပျိုတယ်လို့ မြင်စေမှာ ဖြစ်ပါတယ်။
