၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဉ်တွေကို ဇူလှိုင် (၂၆) ရက်နေ့ ည (၉) နာရီခွဲတွင် တစ်ပြိုင်တည်း ကျင်းပခဲ့ပါတယ်။
ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရရှိဖို့အတွက် အကျိတ်အနယ်ဖြစ်နေတဲ့ လက်စတာ-မန်ယူပွဲက ပရိသတ်အများစုရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရပါတယ်။ ပထမပိုင်းတွင် နှစ်သင်းစလုံးအမှားအယွင်းမရှိအောင် ထိန်းကစားနိုင်ခဲ့ပြီး ဂိုးပေါက်ချိန်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒုတိယပိုင်း ပွဲချိန် (၇၁) မိနစ်အရောက်မှာတော့ မန်ယူအသင်း ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပြီး ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ မန်ယူအတွက် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၄) ကြိမ်မြောက် ပင်နယ်တီရရှိမှုဖြစ်ပြီး တစ်ရာသီအတွင်း ပင်နယ်တီအများဆုံးရရှိတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။

Source: OneFootball
မန်ယူအသင်းအတွက် ဒုတိယဂိုးကိုတော့ နာကျင်အချိန်ပိုမိနစ်မှာ လက်စတာဂိုးသမား အမှားကနေတဆင့် သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် မန်ယူဟာ အဆင့်(၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပါတယ်။
တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းက ဝုဗ်အသင်းကို (၂) ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အဆင့် (၄) နေရာမှာရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပါတယ်။

Source: 90Min
ပရီးမီးယားလိဂ် အခြားပွဲစဉ်ရလဒ်များအဖြစ် အာဆင်နယ်-ဝက်ဖို့ဒ် (၃-၂)၊ ဘရိုက်တန်-ဘန်လေ (၂-၁)၊ ပဲလေ့စ်-စပါး (၁-၁)၊ ဘုန်းမောက်-အဲဗာတန် (၃-၁)၊ မန်စီးတီး-နောဝှစ်ချ် (၅-ဝ)၊ လီဗာပူး-နယူးကာဆယ် (၃-၁) ဆောက်သမ်တန်-ရှက်ဖီးယူနိုက်တက် (၃-၁)၊ ဝက်စ်ဟမ်း-အက်စတွန်ဗီလာ (၁-၁) ဂိုး ဖြင့်သရေကျခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ ဗီလာအသင်း သရေကျခဲ့တဲ့အတွက် ဘုန်းမောက်က အဲဗာတန်ကို အနိုင်ရခဲ့ပေမဲ့ တန်းဆင်းခဲ့ရပါတယ်။ ဘုန်းမောက်နဲ့အတူ ဝက်ဖို့ဒ်၊ နော်ဝစ်ချ်အသင်းတွေ တန်းဆင်းသွားခဲ့ရပါပြီ။

Source: News18.com
အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့တဲ့ လက်စတာတိုက်စစ်မူး ဗာဒီဟာ ပရီးမီးယားလိဂ် သွင်းဂိုး (၂၃) ဂိုးဖြင့် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဗာဒီဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
