ကျောင်းနေအရွှယ် ကစပြီး လုပ်ငန်းခွင်ဝင်တဲ့အထိ လူပေါင်းစုံနဲ့ တွေ့ဆုံပေါင်းသင်းခဲ့ကြရပေမယ့် စိတ်တူကိုယ်တူပေါင်းသင်းနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရဖို့တော့ အရမ်းခက်ခဲပါတယ်။ ဒါ့ကြောင့်လည်း ဘဝမှာ ကိုယ်နဲ့ စိတ်တူကိုယ်တူပေါင်းသင်းနိုင်မယ့် ရင်ဘတ်ချင်းနီးတဲ့ ဘော်ဒါတွေရှိနေတာက ကံကောင်းခြင်းတစ်ခုလို့ ပြောကြတာပါ။
သူငယ်ချင်းကောင်းဆိုတာ ကိုယ့်ရဲ့ ဒုတိယမိသားစုဆိုလည်း မမှားနိုင်သလို ကိုယ့်ဘဝအတွက် အရေးပါသူတွေလည်းဖြစ်တာကြောင့် ချစ်ရတဲ့ဘော်ဒါတွေနဲ့ ခင်မင်မှုလည်းတိုး ပျော်စရာလည်းကောင်းစေဖို့ အခုပြောပြမယ့်အရာလေးတွေ Try ကြည့်သင့်ပါတယ်။
(၁) Camping ထွက်ပါ

Source : Rawpixel
Camping ထွက်ခြင်းကို ယနေ့ခေတ်လူငယ်တော်တော်များများပြုလုပ်လာကြပါတယ်။ Camping ထွက်တယ်ဆိုတာ မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့ ဝေးရာ တောတောင်တွေရေမြေ သဘာဝရဲ့ အေးချမ်းမှုကို နီးနီးကပ်ကပ်ခံစားရင်း စိတ်အပန်းဖြေကြတာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် Camping ထွက်ခြင်းက တစ်ယောက်နဲ့တစ်ယောက်ကြား ခင်မင်ရင်းနှီးမှု သံယောဇဉ်တွေ ပိုတိုးလာစေတဲ့အပြင် အတွေ့အကြုံအသစ်တွေ ပျော်ရွှင်ရယ်မောစရာတွေနဲ့ မမေ့နိုင်စရာအမှတ်တရတွေများစွာကို ရရှိစေမှာဖြစ်ပါတယ်။
(၂) Volunteer လုပ်ပါ

Source : America’s Charities
ငယ်ရွယ်တုန်းမှာ သူငယ်ချင်းတွေနဲ့အတူတူ Volunteer လုပ်တာက အရမ်းကိုပျော်ဖို့ကောင်းပါတယ်။ တပါးသူတွေကို ကူညီပေးတယ်ဆိုတာ မွန်မြတ်တဲ့အလုပ်တစ်ခုဖြစ်ပြီး ကိုယ်တိုင်လည်း စိတ်ကြည်နူးပျော်ရွှင်ခြင်းတွေကို ခံစားရစေပါတယ်။ ဒါကြောင့် ပျော်စရာလည်းကောင်း ကုသိုလ်လည်းရချင်တယ်ဆိုရင် သူငယ်ချင်းတွေစုပြီး Volunteer လုပ်ကြည့်ပါ။ Volunteer လုပ်ခြင်းက သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ဖြစ်ဖို့ အခွင့်အရေးပိုများပြီး ပျော်စရာအမှတ်တရတွေ ခင်မင်မှုတွေလည်း ပိုတိုးလာမယ်ဆိုတာ အသေအချာပါပဲ။
(၃) ပျော်ပွဲစားထွက်ပါ

Source : Dissolve
အခုနောက်ပိုင်းလူငယ်တွေကြားမှာရေပန်းစားလာတာက ပျော်ပွဲစားထွက်ပြီး အနားယူခြင်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေလျော့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်နေ့တာကို ဖြတ်သန်းချင်တယ် ဝေးဝေးလံလံခရီးတွေလည်းမထွက်ချင်ဘူး ဆိုသူတွေအတွက်တော့ ပျော်ပွဲစားထွက်တာက အကောင်းဆုံးဖြစ်ပါတယ်။ အရိပ်ကောင်းတဲ့ ပန်းခြံလိုနေရာ လေတဖြူးဖြူးနဲ့ အနားယူလို့ကောင်းမယ့် ကန်ဘောင်ဘေးလိုနေရာလေးတွေမှာ သူငယ်ချင်းတွေစုပြီး စားကြသောက်ကြ စကားတွေပြောကြ ဂိမ်းတွေကစားကြပြီး ပျော်ရွှင်စွာဖြတ်သန်းလို့ရပါတယ်။
(၄) ရုပ်ရှင်ကြည့်ပါ

Source : Camino Financial
ဘော်ဒါတွေနဲ့ အဖွဲ့လိုက် ရုပ်ရှင်ကြည့်တာကလည်း အရမ်းကိုပျော်စရာကောင်းပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ရုံတွေပိတ်ထားတာဆိုတော့ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အိမ်မှာစုပြီး ရုပ်ရှင်ကြည့်ကြတာပိုကောင်းပါတယ်။ Weekend လိုအားလပ်ရက်တွေမှာ သူငယ်ချင်းတွေစုပြီး ပျော်စရာကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေကြည့်ကြမယ် မုန့်လုပ်စားကြမယ် ဆိုရင်တော့ တကယ့်ကိုပျော်စရာကောင်းတဲ့ အစီအစဉ်တစ်ခုဖြစ်စေမှာသေချာပါတယ်။ ဒါကြောင့် ပိတ်ရက်မှာဘော်ဒါတွေစုပြီး ရုပ်ရှင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
