လူတွေဟာ အသက်ရှင်နေထိုင်နိူင်ဖို့အတွက် တစ်နေကုန် ရုန်းကန်လှုပ်ရှားနေကြရတယ်။ ပြသာနာပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ အမြဲတမ်း စိတ်ကြည်လင်လန်းဆန်းနေဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။
ဒီနေ့ kwee page က စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေတဲ့ အစားအစာတွေကို ညွန်ပြပေးလိုက်ပါတယ်။
ချောကလက်

Source: Dr. Axe
ချောကလက်စားတာဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ အနက်ရောင်ချောကလက်ကို နေ့စဉ် စားသုံးပေးတာက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ကျဆင်းစေ စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပါတယ်။ အချိုဓာတ်များတဲ့ ချောကလက်တွေကိုတော့ တက်နိူင်သမျှရှောင်ရှားဖို့ လိုအပ်ပါတယ်။
Green Tea

Source: BBC Good Food
နေ့စဉ် Green tea သောက်သုံးပေးခြင်းဟာ လူကို တက်ကြွလန်းဆန်းနေစေပြီး ရေဓာတ်ပြည့်ဝစေနိုင်သလို အချိုစားချင်စိတ်ကိုလည် လျော့ကျစေနိုင်ပါတယ်။
အုန်းသီး

Source: Pulitzer Center
အုန်းသီးဟာ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ သဘာဝဆေးတစ်မျိုးဆိုရင် မမှားပါဘူး။ အုန်းသီးရဲ့ ရနံ့ကနှလုံးခုန်နှုန်းကို နှေးစေပြီး စိတ်ခံစားမှုကို ကောင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပြီး စိတ်ဓာတ်ကျနေတာကို ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေပါတယ်။
ငှက်ပျောသီး

Source: Mashed
ငှက်ပျောသီးမှာပါတဲ့ ဗီတာမင် အေ၊ စီ၊ အမျှင်ဓာတ်၊ ပိုတက်ဆီယံ နဲ့ သံဓာတ် တို့ပါဝင်တာကြောင့် စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။။ ငှက်ပျောသီးက ညဘက်ကိုလည်း ကောင်းစွာအိပ်ပျော်စေတာကြောင့် အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ နဲ့ စိုးရိမ်ပူပန်တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။
ငါး

Source: Hungry for More
omega-3 fatty acid ဓာတ်ကြွယ်ဝတဲ့ အဆီများတဲ့ငါးတွေ၊ ကမာကောင်လိုမျိုး ပင်လယ်စာတွေကို စားသုံးမယ်ဆိုရင် စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အဆီများတဲ့ ငါးတွေကို စားသုံးတဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို လျှော့ကျစေတယ်လို့ ကျွမ်းကျင်သူတေါက ပြောထားပါတယ်။
