ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေ စစ်ထုတ်ပေးခြင်း၊ ဟော်မုန်းပုံမှန်လည်ပတ်ခြင်း၊ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အရည် ပမာဏတွေကို ထိန်းညှိပေးရခြင်း၊ ဆီး၊ ဝမ်း စစ်ထုတ်ပေးရခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွင်းမှာ ကျောက်ကပ်ဟာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတခုထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာနေဖို့က အလွန်အရေးကြီးပါတယ်။
ဒီနေ့ kwee page ကကျောက်ကပ် ပြဿနာတွေ ကင်းဝေးနေစေဖို့အတွက် စားသုံးပေးရမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘယ်ရီသီး

Source: The House of Wellness
ဘယ်ရီသီးမှာ အာဟာရတွေများစွာ ပါဝင်ပြီး အဓိကကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတာပါပဲ။ ဘယ်ရီသီးမှာ နှလုံးရောဂါ၊ ကင်ဆာတချို့နဲ့ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် ဘယ်ရီသီး စားပေးဖို့လိုအပ်ပါတယ်။
ငါး

Source: Chowhound
ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်စေချင်တယ်ဆိုရင်တော့ ဆိုဒီယမ်နည်းတဲ့ အစားအစာတွေကို စားပေးရပါမယ်။ omega 3 fatty acid ပါဝင်တဲ့ ငါးတွေမှာ ဆိုဒီယမ် ပါဝင်မှု နည်းပါတယ်။ နှလုံးရောဂါကို တိုက်ထုတ်နိုင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စထရောကိုပါ ကျဆင်းစေတာကြောင့် ကျောက်ကပ်ထိခိုက်မှုတွေ မဖြစ်စေပါဘူး။ ဒါကြောင့် ငါးများများ စားဖို့ အကြံပေးပါရစေ။
ပန်းဂေါ်ဖီ

Source: Britannica
ပန်းဂေါ်ဖီမှာ ဗီတာမင်စီ၊ ဗီတာမင်ကေ နဲ့ ဘီ စတဲ့အာဟာရဓါတ်တွေ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်တွေဟာ ကျောက်ကပ်ကို ကာကွယ်ပေးပြီး ရောဂါမဖြစ်အောင် တားဆီးပေးပါတယ်။ ပန်းဂေါ်ဖီမှာ ဆိုဒီယမ်နည်းနည်းပဲ ပါဝင်တာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။
ကြက်သွန်ဖြူ

Source: Medical news Today
ကျောက်ကပ်ပြဿနာတွေ ကင်းဖို့ဆိုရင်တော့ ဆိုဒီယမ် ပမာဏ(ဆား)ကို လျှော့စားရပါမယ်။ ကြက်သွန်ဖြူဟာ ဆားအရသာကို ပေးနိုင်ပြီး ဆိုဒီယမ်တော့ နည်းပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ ဗီတာမင်စီလည်း ပါဝင်သေးတာမို့ ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ရေ

Source: Medical News Today
ကျောက်ကပ်ပြဿနာရှိတဲ့သူတွေဟာ ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းတဲ့ ရေဟာ ကျောက်ကပ်ရဲ့ အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်ပြီး အကြွင်းအကျန်မရှိ စစ်ထုတ်ပေးနိုင်ပါတယ်။
