ဘာစီလိုနာတိုက်စစ်မူး မက်ဆီဟာ ရလဒ်မကောင်းသဖြင့် ဖိအားများနှင့ ရင်ဆိုင်နေရတဲ့ နည်းပြဆက်တီယန် နေရာတွင် လိဒ်ယူနိုက်တက်အသင်းနည်းပြ ဘီရဲဆာနှင့် အစားထိုးရန်အလိုရှိနေကြာင်း သတင်းတွေကဖော်ပြနေကြပါတယ်။

နည်းပြဟောင်းဖြစ်သူ ဗယ်ဗာဒီနေရာတွင် အစားထိုးဝင်ရောက်ခဲ့သော ဆက်တီယန်ရဲ့ ဘာစီလိုနာနည်းပြရာထူးဟာ လွန်ခဲ့တဲ့လတွေကတည်းက စိုးရိမ်စရာအခြေအနေမှာရှိခဲ့ပြီး အသင်းရဲ့အဓိကတိုက်စစ်မူးတစ်ဦးဖြစ်သူ မက်စီနဲ့လည်း ဆက်ဆံရေးတင်းမာမူတွေ ရှိနေကြောင်း သိရပါတယ်။

Source: Republic World

The Sun ရဲ့ဖော်ပြချက်အရ မက်စီဟာ လိဒ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်သို့ ပြန်လည်တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိူင်ခဲ့တဲ့ ဘီရဲဆာအား ဘာစီလိုနာအသင်းရဲ့နည်းပြအဖြစ် မြင်တွေ့လိုနေကြောင်း သိရပါတယ်။ ဘီရဲဆာနဲ့လိဒ်အသင်းတို့ကြားက စာချုပ်ဟာလည်း မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်အသစ်မချုပ်ဆိုခြင်းမရှိသေးပါဘူး။

Source: 90Min

နည်းပြ ဆက်တီယန်လက်ထက်တွင် ဘာစီလိုနာအသင်းဟာ (၂၃) ပွဲကစား (၁၅) ပွဲနိူင် (၄) ပွဲသရေ (၄) ပွဲရှုံး ရလဒ်ရရှိထားပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီတွင် ရလဒ်များဆိုးရွားခဲ့ပြီး လာလီဂါအမှတ်ပေးဖလားကိုလည်း ခါးသီးပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းထဲ လွဲပြောင်းပေးခဲ့ရပါတယ်။

တိုက်စစ်မူး မက်ဆီဟာ (၂၀၁၉-၂၀၂၀) ဘောလုံးရာသီအတွင်း ဘာစိုလိုနာအတွက် လာလီဂါ (၂၅) ဂိုးနှင့် ပြိုင်ပွဲစုံ (၄၂) ပွဲကစားခဲ့ပြီး ဂိုးပေါင်း (၃၀) သာသွင်းယူပေးနိူင်ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်တစ်စုအတွင်း မက်ဆီအတွက် ဂိုးသွင်းနှုန်း အနည်းဆုံး ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။

Source: Bulletin Mail

လိဒ်နည်းပြ ဘီရဲဆာဟာ ချီလီ၊ အာဂျင်တီးနား၊ ဘီဘာအို၊ မာဆေး၊ လာဇီယို၊ လိုင်လီ၊ အက်စ်ပြန်ညို တို့မှာနည်းပြခဲ့ပြီးနောက် (၂၀၁၈) ခုနှစ်တွင် လိဒ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။