စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ခံစားရတဲ့ခံစားချက်က အလွန်ဆိုးဝါးပါတယ်။ အနည်းနဲ့အများဆိုသလို စိတ်ဓာတ်ကျခြင်း ကိုကြုံတွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တွေဝေမနေဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့အရေးကြီးပါတယ်။ ပြောရတာ လွယ်ပေမယ့် ကိုယ်တိုင်ကျလုပ်ဆောင်ဖို့ ခက်ခဲပါတယ်။

ဒီနေ့ kwee page က စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဘာတွေလုပ်သင့်လဲဆိုတာကို ပြောပြပေးသွားမှာပါ။

တက်တက်ကြွကြွနေပါ

Source: MedExpress

ပျင်းရိခြင်းဟာ စိတ်ကိုပိုပြီး ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်စေပါတယ်။ ဒါ့ကြောင့် အိပ်ရာထဲမှာပဲ တစ်နေကုန်လှဲနေတာမျိုးမလုပ်မိပါစေနဲ့။ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှူဟာ စိတ် ဓာတ်ကျခြင်းကို အကုစားနိုင်ဆုံးပါပဲ။ လေ့ကျင့်ရေးခန်းမတွေ၊ ပြေးစက်တွေပေါ်တက်ပြေးနေစရာမလိုပဲ သူငယ်ချင်းတွေနှင့် ဆော့ကစားရုံ ၊ အိပ်အလုပ်တွေကူလုပ်ရုံနှင့်တင် သင့်စိတ်တွေလန်းဆန်းလာနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားပေးပါ

Source: Medical News Today

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများဟာ စိတ်ပျော်စေဖို့အတွက်အများကြီး အထောက်အကူပြုပါတယ်။ စိတ်ကျရောဂါရှိသူများဟာ ကော်ဖီ၊ အရက်၊ အဆီအစိမ့်များ၊ ရေရှည်ခံဆေးသုံးထားသော အစာများအားရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးနှင့် ညီညွှတ်သောအဆီမပါအသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် သီးနှံတွေကို ပိုပြီးစားပေးပါ။

အိပ်ရေးဝဝအိပ်ပါ

Source: Earth

စိတ်ကျရောဂါခံစားရသူအများစုဟာ ညဘက်ကောင်းကောင်း အိပ်ပျော်လေ့မရှိကြပါဘူး။ အိပ်ရေးပျက်ခြင်းဟာလည်း စိတ်ကျရောဂါကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်ဖို့က အရေးကြီးပါတယ်။ အိပ်ပျော်ဖို့အတွက် အိပ်ဆေးတွေမှီဝဲခြင်းကိုတော့ တက်နိုင်သမျှရှောင်ရှားဖို့ အကြံပေးချင်ပါတယ်။

အဆိုးမြင်ခြင်းကို တက်နိုင်သမျှရှောင်ပါ

Source: Freepik

စိတ်ကျရောဂါဟာ သင့်ပတ်ဝန်းကျင်၊ သင့်အခြေအနေ၊ သင်တွေ့ဆုံနေရတာတွေ၊ သင်ရည်မှန်းချက်တွေကို အဆိုးမြင်စေနိုင်ပါတယ်။ ဒါတွေကိုမရှောင်ပြေးပဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ မိမိအားပျော်ရွှင်စေသောအရာများကို ပိုမိုလုပ်ဆောင်ရင်း ကောင်းသော အမြင်ဖြစ်အောင်ကြိုးစားပြောင်းလဲကြည့်ပါ။