စပိန်ထိပ်သီးကလပ် ရီးရဲမက်ဒရစ်အသင်းဟာ ကိုရိုနာကပ်ဘေးကာလတွင် ဆုံးရှုံးသွားတဲ့ ငွေကြေးတွေကို အသင်းမှာပိုနေတဲ့ ကစားသမားတွေ ရောင်းချပြီး ပြန်လည်ရှာဖွေဖို့ စီစဉ်နေတယ်လို့ Marca ကဖော်ပြထားပါတယ်။
Source: Daily Mail
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးအသင်းတော်တော်များများ ငွေကြေးအထိနာခဲ့ပြီး ရီးယဲလ်အသင်းလည်း ဝင်ငွေ ယူရိုသန်း (၂၀၀) ခန့် နစ်နာခဲ့ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
ရီးရဲအသင်းက ရောင်းချမယ့်ကစားသမားစားရင်တွင် နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဘေးလ်၊ ရိုဒရီဂွက်စ်၊ ဗာကစ်ဇ်၊ မာရီယာနို တို့ပါဝင်နေပါတယ်။
Source: Daily Mail
ဒီကစားသမားတွေအပြင် အသင်းရဲ့ အဓိကကစာသမားတစ်ဦးဖြစ်တဲ့ မိုးဒရစ်ကိုလည်း လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းမပြောင်း ဆုံးဖြတ်ချက်ချခိုင်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အငှားချထားတဲ့ ကစားသမားတွေဖြစ်တဲ့ အော်ဒရီယိုဇိုလာ၊ စီဘယ်ယော့စ်၊ မာယိုရယ်လ် တို့ကိုလည်း ရောင်းချမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
Source: The Sun
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးမတိုင်ခင်တုန်းက ဇီဒန်းဟာ ဘာပေးနဲ့ ကာမာဗင်ဂါ တို့လို့ လူငယ်ကစားသမားတွေကို စံချိန်တင်ငွေကြေးအသုံးပြုက ခေါ်ယူဖို့ စီစဉ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဝင်ငွေထိခိုက်မူတွေရှိခဲ့တာကြောင့် ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်း အပြောင်းအရွှေ့များ ပြုလုပ်တော့မှာမဟုတ်ကြောင်း ပြောဆိုထားပါတယ်။
အသင်းရှိ လူငယ်ကစားသမားအချို့ကိုလည်း ထပ်မံအငှားချဖွယ်ရှိနေကြောင်း သိရပါတယ်။