ဘေယန်မြူးနစ်မှာ အငှားဖြင့် သွားရောက်ကစားနေတဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ကော်တင်ညိုဟာ ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ စိတ်ဝင်စားမှုရှိတယ်လို့ အေးဂျင့်ဖြစ်သူ Kia Joorabchian ကပြောဆိုလိုက်ပါတယ်။
ကော်တင်ညိုဟာ (၂၀၁၈) ခုနှစ် ဇန်နဝါရီလတွင် လီဗာပူးကနေ ဘာစီလိုနာကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို (၁၄၂) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်မှာ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေ ဆက်ကစားရဦးမှာပါ။

Source: Goal.com
သြဂုတ် လကုန်ခါနီးအထိ ချန်ပီယံလိဂ်ပွဲစဉ်တွေ ရှိနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ကိစ္စကို ပြိုင်ပွဲအပြီးမှ လုပ်ဆောင်နိုင်လိမ့်မယ်လို့ အေးဂျင့် ဖြစ်သူက ပြောပါတယ်။
“ကော်တင်ညို အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာချင်တယ်ဆိုတာကို လျှို့ဝှတ်ထားစရာမရှိပါဘူး။ သူဟာ ပရီးမီးယားလိဂ်မှာ ကစားရတာကို နှစ်သက်သူဖြစ်ပါတယ်။ အင်္ဂလန်မြေမှာ ပြန်ကစားခွင့်ရဖို့ကလည်း သူ့ရဲ့ ဦးစားပေး အစီအစဉ်ထဲမှာ ပါပါတယ်” လို့ အေးဂျင့်ဖြစ်သူက ပြောခဲ့ပါတယ်။

Source: Barca Blaugranes
ကော်တင်ညိုဟာ ပရီးမီးယားလိဂ်နဲ့ အံဝင်ခဲ့ဖူးပြီးသား ကစားသမားဖြစ်တာကြောင့် တစ်ဖန်ပြန်လာပြီး ခြေချဖို့အတွက် အခတ်အခဲ ကြီးကြီးမားမား မရှိလောက်ဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
ဒီအခြေအနေကြောင့် အငှားစာချုပ်နဲ့ပဲ ပရီးမီးယားလိဂ်ကလပ်တွေဆီ ပြန်ကစားဖွယ် ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ ကော်တင်ညိုကို အာဆင်နယ်၊ စပါး၊ ချဲလ်ဆီးနဲ့ လက်စတာအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Source: CaughtOffside
ဘေယန်မြူးနစ်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ပွဲကတော့ ဘေယန်လေဗာကူဆင် (၄-၂) ဖြင့်အနိူင်ရရှိခဲ့တဲ့ DFB Cup final ပွဲစဉ်ပဲဖြစ်ပါတယ်။ ကော်တင်ညိုအနေနဲ့ ဩဂုတ်လမှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိဖွယ်ရှိနေပါတယ်။
