ဂီတဟာ လူတွေအတွက် စိတ်ပျော်ရွှင်စေတဲ့အပြင် ထူးခြားမှုတွေလဲရှိပါတယ်။ သင်နားထောင်တဲ့သီချင်းတွေက ကမ္ဘာကြီးကိုသင်ရှုမြင်ပုံတွေကိုပါ ပြောင်းလဲစေပါတယ်။ အခုပြောပြပေးမှာက အကောင်းဆုံးစိတ်ခွန်အားရစေတဲ့ သီချင်း (၅)ပုဒ်အကြောင်းပါ။ ဘယ်နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းတွေဖြစ်မလဲဆိုတာကို နားထောင်ကြည့်လိုက်ပါဦး။
(၁) Stronger – Kelly Clarkson
Source : Kelly Clarkson
ပထမဆုံးတပုဒ်က American Idol Season 1 ရဲ့ Winner ဖြစ်တဲ့ Kelly Clarkson ရဲ့ Stronger ဆိုတဲ့သီချင်းပါ။ What doesn’t kill you make you stronger , doesn’t mean I’m lonely when I’m alone စတဲ့ စာသားတွေနဲ့ အဆိုရှင်ရဲ့ထူးခြားတဲ့အသံပေါင်းစပ်မှုက နားထောင်တိုင်း သင့်ကိုခွန်အားရစေမှာပါ။
(၂) Not Afraid – Eminem
Source : Eminem
ဒုတိယတပုဒ်က အားလုံးသိတဲ့ အဆိုတော်ကြီး Eminem ရဲ့ Not Afraid ဆိုတဲ့သီချင်းပါ။ Eminemရဲ့ သီချင်းကောင်းများစွာထဲကမှ Not Afraid ဆိုတဲ့အတိုင်း ဘာကိုမှကြောက်မနေဖို့ ခွန်အားပေးထားတဲ့ သီချင်းစာသားအလန်းတွေ ပါဝင်တာဖြစ်လို့ နားမထောင်ရသေးရင် နားထောင်ကြည့်လိုက်ပါဦး။
(၃) Don’t Worry Be Happy – Bobby McFerrin
Source : sk8r123sk8r
နောက်ထပ်တပုဒ်ကတော့ ဘဝတွေအားလုံးမှာ ပြဿနာတချို့ရှိပေမယ့် စိုးရိမ်ပူပန်တာကပြဿနာကို ၂ဆပိုဆိုးစေပါတယ်။ Bobby McFerrin ရဲ့ Don’t Worry Be Happy သီချင်းလေးက စိတ်ပူမနေနဲ့ ပျော်ပျော်သာနေဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါးနဲ့ သင့်ကို ပျော်ရွှင်သွားစေမှာပါ။
(၄) Fight Song – Rachel Platten
Source : Rachel Platten
နောက်ထပ်သီချင်းကောင်းတပုဒ်ကတော့ Rachel Platten ရဲ့ Fight Song ပါ။ အသံပါဝါကောင်းကောင်းနဲ့ သီဆိုထားတဲ့ Rachel ရဲ့ သီချင်းကောင်းတပုဒ်ဖြစ်ပြီး နားထောင်ပြီးရင် ဘယ်လောက်မိုက်တယ်ဆိုတာ သင်လက်ခံမှာပါ။
(၅) If we hold on together – Diana Ross
Source : DianaRossTV
နောက်ဆုံးတပုဒ်က ဂန္တဝင်အဆိုတော်ကြီး Diana ရဲ့ တကယ်ကိုနာမည်ကြီးခဲ့တဲ့သီချင်းကောင်း If we hold on together ဆိုတဲ့သီချင်းပါ။ သီချင်းတပုဒ်လုံးမှာ ယုံကြည်မျှော်လင့်မှုရဲ့ အဆုံးမှာ လှပတဲ့အနာဂတ်ကို ပိုင်ဆိုင်ရမှာမလို့ အားမလျှော့ဖို့ ခွန်အားပေးထားတဲ့ သီချင်းကောင်းလေးပါ။ နားထောင်ကြည့်လိုက်ပါဦး။
