လူတိုင်းလူတိုင်း တစ်ရေးနိုးပြီး ပြန်အိပ်မရတော့တဲ့ ညတွေကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုတစ်ရေးနိုးပြီး ပြန်အိပ်မပျော်တော့တဲ့ Feeling ကြီးကတော်တော်လေးကိုဆိုးပြီး မနက်ခင်းမှာလည်း အိပ်ရေးမဝပဲ လူကဂါနေတတ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်ယံအချိန်မှာ တရေးနိုးပြီး ပြန်အိပ်ချင်ပေမယ့်လည်း မျက်လုံးကြောင်ပြီး အိပ်မရတော့ရင် အခုပြောပြမယ့်အရာလေးတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) ဖုန်းကိုင်ခြင်းကိုရှောင်ကျဉ်ပါ

Source : Business Insider
တရေးနိုးပြန် အိပ်မပျော်တဲ့အခါ အများစုလုပ်တက်တာက ဖုန်းကိုင်ခြင်းဖြစ်ပါတယ်။ အိပ်မပျော်လို့ ဆိုရှယ်မီဒီယာခဏသုံးတာမျိုး ဂိမ်းတစ်ပွဲလောက်ဆော့လိုက်တာမျိုးက သင့်ကိုပြန်အိပ်မပျော်စေတဲ့အပြင် မိုးလင်းပေါက်မျက်လုံးကြောင်သွားစေနိုင်ပါတယ်။ ဖုန်းကထွက်တဲ့ အလင်းတန်းတွေက အိပ်စက်ခြင်းကို အနှောက်ယှက်ဖြစ်စေတာကြောင့် အိပ်မပျော်ရင်ဖုန်းလုံးဝမကိုင်ဖို့ အကြံပြုချင်ပါတယ်။
(၂) အိပ်ရာထဲက ထလိုက်ပါ

Source : iStock
တစ်ရေးနိုးပြီး ပြန်အိပ်ပျော်ချင်တဲ့စိတ်နဲ့ အိပ်ရာထဲမှာကြိတ်မှိတ်နေတာက သင့်ကိုပိုပြီး အိပ်ပျော်ဖို့ ခက်ခဲစေပါလိမ့်မယ်။ အိပ်ရာထဲမှာဆက်နေမယ့်အစား အပြင်ခဏထထွက်လိုက်ပါ။ ပြီးရင် စာအုပ်ခဏဖတ်တာမျိုး နွားနို့ပူပူလေးတစ်ခွက်သောက်တာမျိုး Green Tea လေးတစ်ခွက်သောက်တာမျိုး ပြုလုပ်ခြင်းတွေကသာ သင့်ကိုပြန်ပြီးအိပ်ပျော်စေဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။
(၃) ကြွက်သားတွေဖြေလျော့ပါ

Source : Medical News Today
ခန္ဓာကိုယ်ကြွက်သားတွေကိုဖြေလျော့ပေးခြင်းက တစ်ရေးနိုးမျက်စိကြောင်ပြီး ပြန်အိပ်မပျော်ခြင်းကို အကောင်းဆုံးကုသပေးနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ခြေချောင်းတွေကို ၅ စက္ကန့်လောက် တင်းတင်းဆန့်ထုတ်ထားပြီး ပြန်လည်ဖြေလျော့ပေးပါ။ အသက်ကိုဝမ်းဗိုက်ထိရောက်အောင် ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်ပြုလုပ်ပေးပါ။ ခန္ဓာကိုယ်မှ ကြွက်သားတွေရဲ့ တင်းမာမှုဖြေလျော့ပေးမယ်ဆိုရင် အမြန်ဆုံး ပြန်အိပ်ပျော်စေမှာဖြစ်ပါတယ်။
(၄) နံပါတ်စဉ်ရေတွက်ပါ

Source : Freepik
နံပါတ်တွေ ကိန်းဂဏန်းတွေကို အစဉ်လိုက်ရေတွက်ခြင်းက သင့်ကိုပြန်လည်အိပ်ပျော်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ နံပါတ်စဉ်ကို ၁ ကနေ ၁၀၀၀ ဆိုပြီးသတ်မှတ်ကာ စိတ်ထဲကနေ ဖြေးဖြေးချင်း အစဉ်လိုက် ရေတွက်ကြည့်ပါ။ ၁၀၀၀ မပြည့်ခင်မှာပဲ သင့်အနေနဲ့ ပြန်လည်အိပ်ပျော်သွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ စိတ်ကိုတည်ငြိမ်စေပြီး တောင်ရောက်မြောက်ရောက်ဖြစ်နေတဲ့ အတွေးတွေကိုဖယ်ထုတ်ကာ ပြန်အိပ်ပျော်စေဖို့ ကူညီပေးမယ့် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။
