တစ်နေ့တာလုံး ပြေးလွှားရုန်းကန်လှုပ်ရှားခဲ့သမျှကို ညအချိန်မှာတော့ ကောင်းစွာအိပ်စက်ပြီး ပြန်လည်အားဖြည့်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်တစ်ခါတစ်လေမှာ ကိုယ်တိုင်သတိမထားမိပဲ လုပ်မိတဲ့အရာတွေကြောင့် အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေပြီး ကောင်းကောင်းအိပ်မပျော်တာမျိုးတွေဖြစ်တက်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေနိုင်တဲ့ အရာတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

(၁) အီလက်ထရောနစ်ပစ္စည်းတွေမသုံးပါနဲ့

Source : Daily Mail

အိပ်ရာမဝင်အချိန်မှာ ဖုန်း ကွန်ပြူတာ တီဗီကဲ့သလို့ နည်းပညာဆိုင်ရာ အီလက်ထရောနစ် ပစ္စည်းတွေအသုံးပြုခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ အီလက်ထရောနစ် ပစ္စည်းတွေကထွက်တဲ့ အလင်းရောင်တွေဟာ အိပ်စက်ခြင်းကို အနှောက်ယှက်ဖြစ်စေပြီး ကောင်းစွာအိပ်ပျော်ဖို့ ခက်ခဲစေနိုင်တယ်လို့ ဆိုထားပါတယ်။

(၂) အိပ်ဆေးမသောက်ပါနဲ့

Source : Medical News Today

ဟားဗက်တက္ကသိုလ်ရဲ့ အိပ်စက်ခြင်းဆိုင်ရာသိပ္ပံပညာရှင်များရဲ့ လေ့လာမှုတွေအရ အိပ်ရာမဝင်ခင် အိပ်ဆေးသောက်တာက အိပ်စက်ခြင်းအတွက်အထောက်အပံ့ဖြစ်စေတဲ့နည်းလမ်းတစ်ခုမဟုတ်ဘူးလို့ ဆိုထားပါတယ်။ များသောအားဖြင့် အိပ်ဆေးတွေဟာ ကြွက်သားနာကျင်ခြင်း မှတ်ဉာဏ်ဆုံးရှုံးခြင်း နှင့် အိပ်ဆေးစွဲခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေများစွာဖြစ်စေနိုင်ပြီး အိပ်ပျော်ရပိုခက်စေနိုင်ပါတယ်။ အကယ်၍သင်ဟာအိပ်မပျော်တဲ့ရောဂါခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသာ မှန်ကန်တဲ့နည်းလမ်းဖြင့် အိပ်ဆေးသုံးစွဲဖို့အကြံပြုချင်ပါတယ်။

(၃) အရက်မသောက်ပါနဲ့

Source : Depositphotos

အိပ်ရာမဝင်ခင် ဝိုင်တစ်ခွက် အရက်တစ်ခွက်သောက်တာက ပိုပြီးအိပ်ပျော်စေတယ်လို့ လူအများစုလက်ခံထားကြပါတယ်။ တကယ်တော့ သုတေသနပြုလုပ်သူတွေရဲ့ မှတ်တမ်းတွေအရတော့ အိပ်ရာမဝင်ခင်အရက်သောက်တာက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ခက်ခဲစေတယ်လို့ ဆိုပါတယ်။ အရက်သောက်ပြီး အိပ်လိုက်တဲ့အခါ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာမဟုတ်ပဲ မကြာခဏနိုးလာမှာဖြစ်ပါတယ်။

(၄) အလုပ်မလုပ်ပါနဲ့

Source : Freepik

ကျွမ်းကျင်သူတွေကတော့အိပ်ရာဆိုတာ အိပ်စက်အနားယူရန်အတွက်သာ သုံးသင့်တဲ့နေရာတစ်ခုလို့ ဆိုကြပါတယ်။ အိပ်ရာပေါ်မှာ တခြားသောအလုပ်ကိစ္စတွေ လက်တော့သုံးတာ အီးမေးလ်စစ်တာ စတဲ့အရာတွေကို လုံးဝမလုပ်ဖို့ တားမြစ်ထားပါတယ်။ အိပ်ရာပေါ်မှာ အလုပ်လုပ်ခြင်းက သင့်ကိုကောင်းစွာအိပ်ပျော်စေဖို့ ခက်ခဲနေစေမှာဖြစ်ပါတယ်။