မြန်မာနိုင်ငံက မိဘတွေတော်တော်များများဟာ ကလေးတွေကို ရိုက်နှက်ဆုံးမလေ့ရှိကြတယ်။ မိဘတွေဟာ ကလေးတွေကိုရိုက်ဆုံးမတဲ့အခါ ဒေါသထွက်နေချိန်ဖြစ်တာကြောင့် တခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ ကလေးကိုရိုက်နှက်ဆုံးမခြင်းက ဆိုးကျိုးတွေရှိပါတယ်။

မိဘနဲ့သားသမီး ဆက်ဆံရေးကို ထိခိုက်စေတယ်

Source: WOW Parenting

ရိုက်နှက်ဆုံးမခြင်းက ကလေးနဲ့မိဘကြားက ရင်းနှီးမှု၊ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ကလေးအနေနဲ့ကမိဘတွေက ငါ့ကိုချစ်လွန်းလို့ရိုက်ခဲ့တာပဲလို့ မတွေးဘဲ ငါ့ကိုမချစ်တော့ဘူး ရိုက်တာလို့ပဲ တွေးမှာပါ။

စိတ်ကျန်းမာရေး

Source: OTV

လေ့လာမှုတွေအရ အရွယ်ရောက်ပြီးသူတွေမှာတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ငယ်ဘဝကစည်းကမ်းသွင်းခံရတဲ့ ဖြစ်ရပ်တွေနဲ့သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ကလေးကိုရိုက်မိတဲ့အချိန်မှာတော့ ရေရှည်စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်တက်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။

ဉာဏ်ရည်ဖွံ့ဖြိုးမှုထိခိုက်စေတယ်

Source: Verywell Family

ကိုယ်ထိလက်ရောက်ပြစ်ဒဏ်ပေးခံရတဲ့အခါ ကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိနိုင်တယ်လို့ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။ အရိုက်ခံရတဲ့အခါ ကလေးရဲ့ဦးနှောက်မှာ သင်ယူလေ့လာနိုင်စွမ်းအတွက်အရေးပါတဲ့ အစိတ်အပိုင်းကို ဆုတ်ယုတ်စေတယ်လို့ သုတေသနက ဆိုပါတယ်။

စိတ်ခံစားချက်ပိုင်းမှာထိခိုက်မှုရှိလာမယ်

Source: WOW Parenting

ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတွေမှာ စိတ်ခံစားချက်ပိုင်းမှာလည်း ထိခိုက်စေပါတယ်။ နှုတ်နဲ့ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ ကြမ်းကြမ်းဆက်ဆံခံရတဲ့ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုရှိနေတတ်ပြီး အရွယ်ရောက်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေး အရည်အချင်းတွေကျဆင်းတာ။ ပူပန်စိတ်နဲ့ စိတ်ကျရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

ကလေးက ရန်လိုလာမယ်

Source: WOW Parenting

ကိုယ်ထိလက်ရောက်ဆုံးမတဲ့နည်းက ကလေးတွေကြားမှာစံနမူနာ တစ်ခုဖြစ်လာနိုင်ပါတယ်။ ကလေးတွေဟာ သူတို့အပြစ်လုပ်လို့ ဆုံးမခံရတဲ့ပြစ်ဒဏ်အနေနဲ့ အရိုက်ခံရတဲ့အဖြစ်ကြောင့် ကျောင်းတွေမှာ အချင်းချင်းရန်လိုတတ်လာတယ်လို့ ကျွမ်းကျင်သူတွေက လေ့လာတွေ့ရှိထားပါတယ်။