ဟန်ဒါဆန်ကို (၅) နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုချင်နေတဲ့ မန်ယူနဲ့ ဘောလုံးသတင်းတိုများ
ဟန်ဒါဆန်ကို (၅) နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုချင်နေတဲ့ မန်ယူ

Source: Stretty News
မန်ချက်စတာယူနိုက်တက်ဟာ ဟန်ဒါဆန်ကို (၅) နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ Sky Sports ကဖော်ပြထားပါတယ်။
ဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်မှာ အငှားဖြင့် သွားရောက်ကစားခဲ့ပြီး လက်စွမ်းတိုးတက်လာတာကြောင့် မန်ယူအသင်းက အနာဂက်အတွက် ဦးစားပေးဂိုးသမားနေရာအတွက် ပြန်လည်ခေါ်ယူချင်နေတာပါ။
ဟန်ဒါဆန်ဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေပါသေးတယ်။ အဆိုပါ ဂိုးသမားကို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Braithwaite ကိုရောင်းချဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

Source: bein sports
ကြည့်ရတာ ဘာစီလိုနာမှာ Braithwaite ရဲ့အချိန်တွေကုန်သွားပြီထင်ပါတယ်။ ဘာကာဟာ ဇန်နဝါရီလကမှ ခေါ်ယူထားတဲ့ တိုက်စစ်မူး Braithwaite နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။
မေဂျာလိဂ်ကလပ်မှ ကမ်းလှမ်းခြင်းခံနေရတဲ့ ဆွာရက်ဇ်

Source: Daily Mail
ဘာစီလိုနာ တိုက်စစ်မူး ဆွာရက်ဇ် ကိုမေဂျာလိဂ်ကလပ် အင်တာမိုင်အာမီမှ ကမ်းလှမ်းမူပြုလုပ်ခဲ့တယ်လို့ Mundo Deportivo က ဖော်ပြထားပါတယ်။
ဆွာရက်ဇ်ရဲ့ စာချုပ်ဟာ (၂၀၂၁) မှာကုန်ဆုံးမှာဖြစ်ပေမယ့် နောက်ထပ်တစ်နှစ်သက်တမ်းတိုးချုပ်ဆိုခွင့်ရှိနေပါတယ်။ ဘက်ခမ်းပိုင်တဲ့ အင်တာမိုင်အာမီအသင်းက အဆိုပါ ဥရုဂွေးတိုက်စစ်မူးကို ခေါ်ယူဖို့အတွက် စိတ်အားထက်သန်နေပါတယ်။
အာလာဘာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အခတ်အခဲဖြစ်နေတဲ့ ဘေယန်မြူးနစ်

Source: Daily Mail
ဘေယန်မြူးနစ်ဟာ အသင်းရဲ့နောက်ခံကစားသမား အာလာဘာကို စာချုပ်အသစ်ချုပ်ဆိုချင်နေပေမယ့် လုပ်ခလစာညိနှိုင်းလို့မရတာကြောင့် အခတ်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
အာလာဘာရဲ့ စာချုပ်သက်တမ်းဟာ (၂၀၂၁) တွင် ကုန်ဆုံးမှာဖြစ်ပြီး အဆိုပါနောက်ခံကစားသမားကို ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းက ခေါ်ယူဖို့ကြိုးစားနေပါတယ်။
