တစ်ခါတစ်လေမှာ တစ်ယောက်တည်းအထီးကျန်တဲ့ ခံစားချက်တွေနဲ့ ပိတ်လှောင်မွန်းကြပ်ရတဲ့အချိန်တွေ လူတိုင်းမှာရှိတက်ပါတယ်။ အထီးကျန်တဲ့ ဝေဒနာကို ပေါ့ပေါ့လေးတော့မတွေးထားသင့်ပါဘူး။ အချိန်လာတာနဲ့ အမျှ အထီးကျန်ခြင်းကနေ စိတ်ဓာတ်ကျတဲ့ ရောဂါပါစွဲကပ်လာတဲ့အနိုင်အန္တရာယ်များပါတယ်။ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အထီးကျန်တယ်လို့ ခံစားရတဲ့အခါတိုင်းလုပ်ကြည့်သင့်တဲ့ အရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
(၁) ပျော်ရွှင်စေမယ့်အရာတွေရွေးလုပ်ကြည့်ပါ

Source : Freepik
အထီးကျန်တယ်လို့ ခံစားရတဲ့အချိန်တွေမှာ အခန်းထဲအောင်းနေထက် ကိုယ့်ကိုပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေပြုလုပ်တာက ပိုသင့်တော်ပါတယ်။ သင့်ကိုဘယ်အရာတွေက ပျော်ရွှင်စေမလဲ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တာလား အားကစားရုံသွားတာလား ဗီဒီယိုဂိမ်းကစားတာလား စသည်ဖြင့် မိမိကိုယ့်ကိုယ်ပျော်ရွှင်မှုခံစားရစေမယ့် အရာတွေအားလုံးကို လုပ်ဆောင်ကြည့်ပါ။
(၂) မိသားစုနဲ့အပြင်ထွက်ပါ

Source : Verywell Mind
မိသားစုဆိုတာ ကိုယ်ရဲ့အထီးကျန်ခြင်းခံစားချက်တွေကို ရှင်းထုတ်ပေးမယ့် အကောင်းဆုံးအဖော်တွေဖြစ်ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေနဲ့ အပြင်ထွက်ပါ။ မုန့်စားပါ။ တနေ့တာကို မိသားစုအတွက်ပဲ အပြည့်အဝအချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်မယ်ဆိုရင် အထီးကျန်တဲ့ခံစားချက်တွေလည်း ဝေးသွားမှာပါ။
(၃) တစိမ်းတွေနဲ့ တွေ့ဆုံပါ

Source : Patch
ကိုယ်နဲ့ တစ်ခါမှမသိကျွမ်းဖူးတဲ့ သူစိမ်းတွေနဲ့ စကားပြောကြည့်ပါ။ ဒီနည်းဟာလည်း အထီးကျန်ခြင်းတွေကို ပပျောက်စေနိုင်ပါတယ်။ ဥပမာ လူမှုရေးအသင်းအဖွဲ့တစ်ခုမှာ တစ်ရက်တာ လုပ်အားပေးဝင်လုပ်တာမျိုးက သူစိမ်းတွေနဲ့ တွေ့ဆုံဖို့အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး ကံကောင်းရင် မိတ်ဆွေကောင်းတွေတောင်ရလာနိုင်ပါတယ်။
(၄) စိတ်တည်ငြိမ်အောင်လုပ်ပါ

Source : Rawpixel
အထီးကျန်ခြင်းတွေနဲ့ အတွေးပေါင်းသောင်းခြောက်ထောင်ကပ်ပါလာနိုင်ပြီး အတွေးကမ္ဘာထဲမှာ မျောနေတက်ပါတယ်။ ဒါကြောင့်အရင်ဆုံးသင့်အနေနဲ့ စိတ်တည်ငြိမ်မှုရှိအောင်လုပ်သင့်ပါတယ်။ တရားထိုင်ခြင်း ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့အရာတွေက သင့်ရဲ့စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး အထီးကျန်ခြင်းတွေလျော့သွားဖို့ ကူညီပေးနိုင်ပါတယ်။
