အလုပ်ခွင်ဝင်မှာ လူတွေနဲ့ ပြောဆိုဆက်ဆံတက်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာမှာတော်ပေမယ့်ပေါင်းသင်းဆက်ဆံရေးမှာအားနည်းနေရင်လည်း အလုပ်ခွင်ကပျော်စရာနေရာတစ်ခုဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် ဒီနေ့မှာတော့ အလုပ်ခွင်ကလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ သိထားသင့်တဲ့ အကြံပြုချက်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အားလုံးနဲ့ လိုက်ရောညီထွေမှုရှိအောင်နေပါ

Source : Sociedade Brasileira de Coaching

လူတစ်ယောက်စီတိုင်းက ပုံမှန်အမျိုးမျိုး စိတ်နေစိတ်ထားအမျိုးမျိုးရှိကြတာကြောင့် လူတိုင်းနဲ့ ကိုယ်က ကိုက်ညီမှုရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်နဲ့ ကီးကိုက်တဲ့သူပဲ ရွေးချယ်ပေါင်းသင်းမယ်ဆိုတာမျိုးတော့ မလုပ်ပါနဲ့။ အားလုံးနဲ့ အဆင်ပြေအောင် လိုက်ရောညီထွေမှုရှိစွာနေသင့်ပါတယ်။ ဒါမှလည်း လူဝင်ဆံ့ပြီး အလုပ်မှာအဆင်ပြေမှာပါ။

(၂) ပိုက်ဆံအရှုပ်အရှင်းကင်းအောင်နေပါ

Source : Financial Framework

ပိုက်ဆံအရှုပ်အရှင်းကိစ္စတွေပါလာရင် ခင်မင်ရပါတယ်ဆိုတဲ့ မိတ်ဆွေတွေတောင် အခင်အမင်ပြတ်သွားတာမျိုးတွေရှိတက်ပါတယ်။ အလုပ်ခွင်ဆိုတော့ ပိုပြီးတောင်ထိန်းသိမ်းရမှာပါ။ ဒါကြောင့် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေစီကနေ ပိုက်ဆံချေးတာ ငွေလှည့်တာမျိုးတွေ အတက်ဆုံးမလုပ်မိအောင်နေဖို့ အကြံပြုချင်ပါတယ်။

(၃) ကျေးဇူတင်စကားဆိုပါ

Source : Freepik

ကျေးဇူးတင်တယ်ဆိုတဲ့စကားက နှစ်လိုဖွယ်ကောင်းပြီး တစ်ဖက်လူရဲ့ ရင်ထဲမှာလည်းနွေးထွေးတဲ့ ခံစားမှုမျိုးရစေပါတယ်။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေစီကနေ ကိုယ်အနေနဲ့ အကူညီတစ်ခုခု ရလိုက်ရင်ဖြစ်စေ ကိုယ်ကို့အသိမှတ်ပြုရင်ဖြစ်စေ အသေးအမွှားကိစ္စလေးတွေကအစ ကျေးဇူတင်ပါတယ်ဆိုတဲ့ စကားကိုပြောဖြစ်အောင်ပြောလိုက်ပါ။

(၄) စကားမကျွံပါစေနဲ့

Source : Shutterstock

ကြမ်းကျွံတာနှုတ်လို့ရပေမယ့် စကားကျွံရင်တော့ နှုတ်ရခက်တယ်ဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။ ဒါကြောင့် အလုပ်ခွင်မှာ စကားပြောတဲ့အခါ ထိန်းထိန်းသိမ်းသိမ်းပြောဆိုတက်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ်နဲ့ သက်ဆိုင်ပြီး အဆင်မပြေမှုတစ်စုံတစ်ရာရှိလို့ပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်တွေကို အိတ်သွန်ဖာမှောက် ပြောတာမျိုးရှောင်ကျဉ်သင့်ပါတယ်။