အားလပ်ရက်တိုင်းက ချစ်သူစုံတွဲတွေအတွက်တော့ ပျော်ရွှင်စရာနေ့ရက်တွေဖြစ်ပါတယ်။ တစ်ပတ်တာလုံးအလုပ်တွေနဲ့ ပင်ပန်းခဲ့သမျှ ရုံးပိတ်ရက်မှာအတိုးချအလွမ်းသယ်ရင်း ချစ်သူနဲ့အတူတူ ပျော်ရွှင်ကြဖြတ်သန်းချင်ကြမှာပါ။ ဒီတစ်ခေါက်မှာတော့ ရုံးပိတ်ရက်တွေလည်း အများကြီးရတာဆိုတော့ ပိတ်ရက်မှာချစ်သူနဲ့အတူပျော်စရာကောင်းအောင်ဖြတ်သန်းနိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဟင်းချက်စားပါ

Source : Pinterest

ပိတ်ရက်မှာ ကိုယ်ချစ်သူကောင်မလေးကို အရသာရှိတဲ့ ဟင်းလျာတွေချက်ပြုတ်ပြီး လက်စွမ်းပြသင့်ပါတယ်။ မိန်းကလေးတွေက သူတို့ချစ်သူကောင်လေးချက်ကျွေးတဲ့ လက်ရာတွေကိုစားချင်ကြပါတယ်။ ဒါကြောင့် အခုအားလပ်ရက်မှာအိမ်မှာပဲ ကောင်မလေးကြိုက်တက်တဲ့ အစားအစာလေးတွေကို လျှာလည်သွားအောင် ချက်ကျွေးလိုက်ပါ။

(၂) Movie ဒိတ်လုပ်ပါ

Source : Stamper Girl

လက်ရှိမှာ ရုပ်ရှင်ရုံတွေပိတ်ထားပေမယ့် အိမ်မှာပဲ Movie Date လုပ်နိုင်ပါတယ်။ ချစ်သူနှစ်ဦးအတွက် ပျော်ရွှင်ကြည်နုးဖို့ကောင်းတဲ့ ရိုမန်တစ်ဆန်ဆန်ရုပ်ရှင်ဇာတ်ကားလေးတွေနဲ့အတူ ပိတ်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းလို့ရပါတယ်။

(၃) ဝိုင်ဘားသွားပါ

Source : Freepik

ရုပ်ရှင်တွေထဲမှာ မြင်နေကြပုံစံလေးအတိုင်း ရိုမန်တစ်ဆန်ဆန် ချစ်သူကောင်မလေးနဲ့ အချိန်ကုန်ဆုံးချင်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးမျှဝေပေးချင်ပါတယ်။ ဒါကတော့ ကြည်နူးစရာကောင်းတဲ့ ညနေခင်းအချိန်တွေမှာ ချစ်သူနဲ့အတူတူ ဝိုင်သောက်ရင်းဖြတ်သန်းတဲ့ ပုံစံလေးပါ။ ညနေဆည်းဆာအလှမှာ ချစ်သူနဲ့အတူ ဝိုင်သောက်ပြီး အားလပ်ရက်ကိုပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ။

(၄) လေ့ကျင့်ခန်းအတူတူလုပ်ပါ

Source : Healthfully

အခုနောက်ပိုင်းမှာလူငယ်တွေကြားမှာ Fitness Date လုပ်တဲ့ပုံစံလေးတွေလည်း အရမ်းကိုရေပန်းစားလာပါတယ်။ ကျန်းမာရေးကိုလိုက်စားတဲ့ချစ်သူတွေအတွက်တော့ လေ့ကျင့်ခန်းအတူတူပြုလုပ်ပြီး အားလပ်ရက်ကိုဖြတ်သန်းတာက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်စေမှာပါ။ဒါကြောင့် Gym မှာချစ်သူနဲ့အတူတူလေ့ကျင့်ခန်းပြုလုပ်ပြီး အားလပ်ရက်ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါတယ်။