ချစ်သူနှစ်ဦးအတွက် ပထမဆုံးဒိတ်က အရမ်းအရေးကြီးပါတယ်။ ပထမဆုံးဒိတ်လုပ်ခြင်းကနေမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေပြေလက်တွဲနိုင်ပါ့မလားဆိုတာကို စဉ်းစားကြတာပါ။ဒါကြောင့် သင့်အနေနဲ့ ချစ်သူကောင်မလေးကို မဆုံးရှုံးချင်ရင် ပထမဆုံးဒိတ်မှာ ဒီအချက်တွေရှောင်ကျဉ်ပါ။

(၁) နောက်မကျပါစေနဲ့

Source : Freepik

ချိန်းထားတဲ့ အချိန်ထက်နောက်ကျပြီးမှ ရောက်သွားရင် သင်ဟာအမှတ်ပြည့်ရဖို့ မဖြစ်နိုင်တော့ပါဘူး။ ကောင်မလေးတွေက အချိန်တိကျတာကို ပိုကြိုက်ကြပါတယ်။ ဒါကြောင့် ကိုယ်နေတဲ့နေရာနဲ့ ချိန်းထားတဲ့နေရာက ဝေးလား ကားပိတ်နိုင်လား စသည်ဖြင့် အချိန်ကိုသေချာတွက်ပြီး ၁၅ မိနစ်လောက်ကြိုတင်ရောက်နေသင့်ပါတယ်။

(၂) မေးခွန်းမေးတာ သတိထားပါ

MarketWatch

ပထမဆုံးဒိတ်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုပိုရဖို့ စကားပြောကြတဲ့အခါ မေးသင့်မမေးသင့်တဲ့ မေးခွန်းတွေကို သေချာလေးစဉ်းစားပါ။ မေးခွန်းတစ်ခုမေးမယ်ဆိုရင် ဒီမေးခွန်းက သင့်တော်ရဲ့လား သူဖြေရဖို့ခက်သွားမလားစသဖြင့် သေချာလေးတွေးစေချင်ပါတယ်။ ဥပမာ ရည်းစားဘယ်နှစ်ယောက်ထားခဲ့လဲ ကုမ္ပဏီမှာဘာရာထူးလဲ လစာဘယ်လောက်ရလဲစတဲ့မေးခွန်းတွေမမေးသင့်ပါဘူး။

(၃) အာရုံစိုက်ပါ

Source : Guy Stuff Counseling

ကိုယ်နဲ့ ဒိတ်ထားတဲ့ကောင်မလေးနဲ့ အတူတူရှိနေစဉ်အချိန်က သူမကိုအပြည့်အဝအာရုံစိုက်ထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဖုန်းပဲကြည့်နေတာ အပြင်ကိုငေးနေတာ တခြားဝိုင်းကကောင်မလေးတွေကို ကြည့်နေတာမျိုးတွေက တဖက်ကောင်မလေးအမြင်မှာ အထင်သေးစရာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်သူမကိုပဲ အာရုံအပြည့်အဝစိုက်ထားသင့်ပါတယ်။

(၄) အမွှေးအနံ့တွေ အလွန်အကျွံမထွက်ပါစေနဲ့

Source : Gentleman Lifestyle

ကောင်မလေးနဲ့ ပထမဆုံးဒိတ်က ရင်ခုန်စရာကောင်းသလို ကိုယ့်ကိုသဘောကျစေချင်တဲ့ စိတ်ကယောကျာ်းလေးတိုင်းမှာရှိပါတယ်။ ဒါနဲ့ပဲ ရေမွှေးတွေကို အများကြီးစွတ်သွားလို့တော့မသင့်တော်ပါဘူး။ တစ်ချို့သော အမွှေးအနံ့လေးတွေက ကိုယ်ကိုစွဲဆောင်မှုပိုရှိပြီး တဖက်မိန်းကလေးကို သဘောကျစေပေမယ့် အမွေးအနံ့တွေ လှိုင်လှိုင်ထနေမယ်ဆိုရင် စိတ်ရှုပ်စရာဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်တော်ရုံသင့်ရုံလောက်ပဲ ရေမွှေးသုံးပါ။