ချစ်သူနှစ်ဦးကြားမှာ ပျော်ရွှင်မှုက အဓိကကျတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ်ကိုယ်ချစ်မြတ်နိုးရတဲ့ ချစ်သူလေးကို ပျော်ရွှင်စေချင်တဲ့ စိတ်ဆန္ဒတစ်ခုတော့ရှိကြပါတယ်။ ကိုယ့်ချစ်သူပျော်ရွှင်ဖို့ ငွေကြေးတွေလိုအပ်လား တန်ဖိုးကြီးတဲ့လက်ဆောင်တွေလိုမလား။ တကယ့်ပျော်ရွှင်မှုအစစ်မှန်ကို ခံစားရစေမယ့်အရာတွေကဘာတွေဖြစ်မလဲ။ ဒီနေ့ဆောင်းပါးလေးမှာတော့ ကိုယ်ချစ်သူကောင်မလေးကို ပျော်စေချင်တဲ့ ကောင်းလေးတိုင်း သိထားရမယ့်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အမှတ်တရနေ့တွေမမေ့ပါနဲ့

Source : URS RASCHLE

ချစ်သူနှစ်ဦးအတွက် အမှတ်တရနေ့တွေဆိုတာ တကယ်ကိုတန်ဖိုးထားသင့်တဲ့နေ့ရက်တွေဖြစ်ပါတယ်။ ဒီလိုနေ့တွေကို မမေ့လျော့ပဲ သတိတရရှိနေပေးတာက သူမကိုပျော်ရွှင်စေပြီး တန်ဖိုးထားမှုကိုဖော်ပြရာလည်းရောက်စေပါတယ်။ အမှတ်တရနေ့တွေမှာလက်ဆောင်ကြီးကြီးမားမားမပေးနိုင်ရင်တောင် ချစ်တယ်ဆိုတဲ့ မက်ချ်ဆေ့လေးတစ်စောင်က သူမပျော်ရွှင်မှုအပြုံးတွေဖြစ်စေမှာပါ။

(၂) လူတွေရှေ့မှာပိုချစ်ပါ

Source : The Nes

နှစ်ယောက်တည်းရှိတဲ့အချိန်မှာ အချစ်တွေထုတ်ဖော်ပြသဖို့လိုသလို သူစိမ်းတွေ သူငယ်ချင်းမိတ်ဆွေအရှေ့မှာလည်း ကိုယ်ချစ်သူကောင်မလေးကို ချစ်ကြောင်း ဂရုစိုက်ကြင်နာကြောင်း ပြသပါတယ်။ မိန်းကလေးတွေအများစုက ချစ်သူကောင်လေးက ကိုယ့်ကိုအရမ်းချစ်တယ်ဆိုတာ လူတွေရှေ့မှာကြွားချင်ကြပါတယ်။ ဒါကြောင့် တစိမ်းတွေရှေ့ သူငယ်ချင်းအပေါင်းအသင်းတွေရှေ့မှာ သူမကိုပိုပြီး ဂရုစိုက်ကြင်နာပေးပါ။

(၃) အားပေးနှစ်သိမ့်ပါ

Source : My Ex Back Coach

မိန်းကလေးတွေက ယောကျ်ားလေးတွေထက်ပိုပြီး စိတ်အတက်အကျမြန်ပြီး ခံစားလွယ်တက်ကြပါတယ်။ ဒါကြောင့်သူတို့အားငယ်နေချိန်စိတ်ဓာတ်ကျနေချိန်တိုင်းမှာ နွေးထွေးမှုပေးပါ။ အားပေးနှစ်သိမ့်ပေးပါ။ ကိုယ့်ရဲ့ အားပေးနှစ်သိမ့်မှုတွေ နွေးထွေးစွာဆက်ဆံခြင်းတွေက သူမအတွက်အားဆေးတစ်ခွက်ဖြစ်ပါတယ်။

(၄) သစ္စာရှိပါ

Source : HealingChoice Family Therapy

ကိုယ့်ချစ်သူကောင်မလေးအပေါ် သစ္စာရှိပေးတယ်ဆိုတာကလည်း တစ်နည်းအားဖြင့်သူမကိုပျော်ရွှင်စေတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကို သစ္စာရှိရှိနဲ့ ချစ်ပေးတယ်ဆိုရင် မပျော်ပဲနေပါ့မလားနော်။ ဒါကြောင့် ကိုယ်ချစ်သူကောင်မလေးကိုပျော်ရွှင်စေချင်တယ်ဆိုရင် သူမတစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်ပေးပါ။