စာဖတ်သူဟာ အသက် (၃၀) မပြည့်သေးတဲ့ လူငယ်စ်ယောက်ဆိုရင် ဘဝမှာဘာတွေလုပ်ချင်လဲ ဘာတွေဖြစ်ချင်လဲဆိုတာ အခုကတည်းက စဉ်းစားထားဖို့လိုပါတယ်။ ငယ်ရွယ်တုန်းမှာပြုလုပ်ခဲ့သင့်တဲ့ တစ်ချို့အရာတွေအတွက် အသက်ကြီးမှ နောင်တရတယ်ဆိုတာ မကောင်းပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ လူငယ်တိုင်းအသက် (၃၀) မတိုင်ခင်မှာ ပြုလုပ်သင့်တဲ့ အရာလေးတွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) ဘာသာစကားကျွမ်းကျင်အောင်လုပ်ပါ

Source : Entrepreneur the Arts

ဒီနေ့ခေတ်မှာ ဘာသာစကားတစ်ခုခု တက်ကျွမ်းထားဖို့က လူတိုင်းလိုလို လိုအပ်တဲ့အရာတစ်ခုဖြစ်နေပါပြီ။ ဘာသာစကားကျွမ်းကျင်သူတိုင်းက တခြားသူတွေထက်စာရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဘဝတိုးတက်ပြောင်းလဲခြင်းတွေအတွက် အမြဲနှာတဖျားသာနေမှာဖြစ်ပါတယ်။ ဒါကြောင့် ငယ်တုန်းမှာ အနည်းဆုံး အင်္ဂလိပ်ဘာသာစကားကိုတော့ ကျွမ်းကျင်တက်မြောက်အောင်လေ့လာထားသင့်ပါတယ်။

(၂) ဝါသနာအရင်းခံတဲ့အလုပ်ကိုရှာဖွေပါ

Source : TT Techno Team

အသက်ငယ်တုန်းမှာ အတွေ့အကြုံရဖို့က အဓိကကျတာကြောင့် အဆင်ပြေတဲ့အလုပ်ခွင်တစ်ခုခုမှာ ဝင်လုပ်ကောင်းလုပ်သင့်ပါတယ်။ ဒါပေမယ့် အသက် ၃၀ ကျော်လာပြီဆိုရင်တော့ ကိုယ့်ရဲ့ဝါသနာနဲ့ ထပ်တူကျတဲ့အလုပ်အကိုင်တစ်ခုကို တစိုက်မတ်မတ် လုပ်ကိုင်သွားသင့်ပါပြီ။ ဒါကြောင့် အသက် ၃၀ မပြည့်ခင်မှာ ကိုယ်ကဘာဝါသနာပါလဲ ဘာလုပ်ချင်လဲဆိုတာသေချာလေး ဆန်းစစ်ပြီး ဝါသနာအရင်းခံတဲ့အလုပ်ကိုပြောင်းဖို့ အကြံပြုချင်ပါတယ်။

(၃) တည်ငြိမ်တဲ့အချစ်ရေးတည်ဆောက်ပါ

Source : BetterHelp

ရည်းစားထားမယ် အသည်းတွေကွဲချင်ကွဲမယ် အချစ်အတွက်ခံစားမယ်ဆိုတာ လူငယ်ဘဝမှာပဲကောင်းပါတယ်။ အသက် ၃၀ မပြည့်ခင်မှာတော့ တည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းတဲ့ အချစ်ရေးတစ်ခုတည်ဆောက်သင့်ပါပြီ။ အသက် ၃၀ ကျော်လာတဲ့အထိ အသည်းတွေကွဲတုန်း ရည်းစားတွေပွေနေတုန်းဆိုရင် အောင်မြင်မှုလမ်းကြောင်းမှာနှောင့်နှေးသွားနိုင်ပါတယ်။

(၄) ခရီးထွက်ပါ

Source : Ixigo

လူငယ်ဘဝဟာ ပျော်စရာတွေအပြင် အတွေ့အကြုံအသစ်တွေ စွန့်စားမှုတွေကိုလည်း ရှာဖွေလို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ငယ်တုန်းရွှယ်တုန်းသွားနိုင်တုန်းမှာ ခရီးတွေများများထွက်ပါ။ ပြည်တွင်းခရီးတွေသာမက ပြည်ပခရီးတွေလည်း သွားသင့်ပါတယ်။ မိသားစုနဲ့ရော သူငယ်ချင်းတွေနဲ့ရော တစ်ကိုယ်တော် Solo ခရီးတွေလည်းများများထွက်ဖို့အကြံပြုချင်ပါတယ်။