တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘဝအတွက် ကောင်းကျိုးမပေးတဲ့အရာတွေကို ဖက်တွယ်ထားမိတက်ပါတယ်။ သိလို့ဖြစ်စေ မသိလိုက်ပဲဖြစ်စေ မကောင်းတဲ့အရာတွေအတွက် အချိန်ပေးပြီး နေမိရာကနေ ကျွန်တော်တို့ဘဝရဲ့ တန်ဖိုးရှိတဲ့ ပျော်ရွှင်စရာအချိန်တွေ ပျောက်သွားတက်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ပျော်ရွှင်တဲ့ ဘဝတစ်ခုရဖို့ အပြီးတိုင်စွန့်လွှတ်သင့်တဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။

(၁) အတွေးလွန်မှုတွေ

Source : 123RF.com

နေ့စဉ်လူတွေဟာ အတွေးပေါင်းများစွာတွေးတောရင်း ဘဝကိုဖြတ်သန်းနေကြတာပါ။ လူအများစုရဲ့အတွေးတွေမှာ ပျော်စရာအကြောင်းအရာတွေထက် ဝမ်းနည်းစိတ်ပျက်စရာတွေ အတိတ်ကအမှားတွေနောင်တတွေ စိုးရိမ်ပူပန်ခြင်းတွေက ပိုများပါတယ်။ ဒီလိုမကောင်းတဲ့ အတွေးများစွာနဲ့ အတွေးလွန်နေတာက သင့်ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ပျောက်စေတဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။

(၂) မကောင်းတဲ့လူတွေ

Source : BetterLYF

တချို့က ကိုယ်အပေါ်မကောင်းမှန်းသိသိနဲ့ တစ်ချို့သောလူတွေကို ဖက်တွယ်နေမိတက်ကြပါတယ်။ မိတ်ဆွေအပေါင်းသင်းပဲဖြစ်စေ ချစ်သူရည်းစားပဲဖြစ်စေ ကိုယ့်အပေါ်မကောင်းဘူး နာကျင်မှုတွေပဲပေးတယ်ဆိုရင် ဒီလူတွေကို ကိုယ်ဘဝထဲကနေ ရဲရဲကြီးလက်လွန့်လိုက်ပါ။ မကောင်းတဲ့သူတွေကိုအချိန်ပေးပြီး ကိုယ်အတွက်နာကျင်စရာတွေကို ခံယူနေမိခြင်းကိုရပ်တန့်လိုက်ရင် ဘဝကပိုပြီးပျော်စရာကောင်းလာပါလိမ့်မယ်။

(၃) မကျန်းမာတဲ့နေထိုင်မှုပုံစံတွေ

Source : Crain’s Chicago Business

ကျန်းမာရေးမကောင်းရင် လူကလည်းအလိုလိုနေရင်း စိတ်တွေညစ်နွမ်းနေမိတက်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ မကျန်းမာတဲ့အရာတွေကို ဘယ်လောက်တောင်လုပ်နေလဲပြန်တွေးကြည့်ပါ။ ဥပမာ စားသောက်မှုပုံစံတွေမှားနေလား အိပ်ချိန်မမှန်ဘူးလား စိတ်ခံစားမှုတွေနောက်လိုက်နေမိလား အားကစားမလုပ်ပဲနေမိလားစသည်ဖြင့် မကျန်းမာခြင်းတွေဖြစ်စေမယ့်အရာတွေကို စွန့်လွတ်ပြီကျန်းမာတဲ့ လူမှုဘဝသစ်တစ်ခုကိုရယူမယ်ဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ရရှိလာမှာပါ။

(၄) ဆိုရှယ်မီဒီယာပေါ်ကဘဝတွေနဲ့ နှိုင်းယှဉ်နေမှုတွေ

Source : Lifewire

ဆိုရှယ်မီဒီယာသုံးတာက ကောင်းတဲ့အကျိုးကျေးဇူးတွေများစွာရှိပေမယ့် ဆိုးကျိုးတွေကလည်း တစ်ပုံကြီးလို့ဆိုရပါမယ်။ များသောအားဖြင့် ဆိုရှယ်မီဒီယာပေါ်မှာက ဟန်ဆောင်မှုမျက်နှာဖုံးတွေနဲ့လူတွေများပါတယ်။ လူတွေကသူတို့အဆင်ပြေနေတဲ့ဘဝတွေ ပျော်ရွှင်စရာတွေ သုံးနိုင်ဖြုန်းနိုင်ခြင်းတွေကို ဆိုရှယ်မီဒီယာပေါ်တင်လေ့ရှိပါတယ်။ နောက်ကွယ်က စိတ်ညစ်စရာတွေ အခက်အခဲတွေနဲ့ ပင်ပန်းမှုတွေကိုတော့ ဖုံးဖိထားတက်ပါတယ်။ ဒီလိုဟန်ဆောင်ခြင်းတွေပါတဲ့ ပျော်ရွှင်မှုအတုနဲ့ ဘဝတွေကို အားကျပြီး ကိုယ်ရဲ့ဘဝနဲ့ နှိုင်းယှဉ်နေရင် စိတ်ဓာတ်ကျခြင်းတွေသာပိုများလာမှာပါ။ ဒါကြောင့် ဆိုရှယ်မီဒီယာပေါ်က ဘဝတွေနဲ့ ကိုယ့်ရဲ့ဘဝကို နှိုင်းယှဉ်နေမိရင် အခုပဲရပ်တန့်လိုက်ပါ။ပျော်စရာကောင်းလာပါလိမ့်မယ်။