ပေါင်းသင်းဆက်ဆံရေးဆိုတာ လူတိုင်းအတွက်အရေးကြီးပါတယ်။ ဘယ်နယ်ပယ်ပဲရောက်ရောက် သူများထက်ထူးခြားနေဖို့ ကောင်းမွန်တဲ့အခွင့်အလန်းတွေပိုင်ဆိုင်နိုင်ဖို့ ဆိုရင် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်နေဖို့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ လူတိုင်းသိထားသင့်တဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာအရေးကြီးအချက်လေးတွေမျှဝေပေးချင်ပါတယ်။
(၁) မတူညီတဲ့အမြင်တွေကိုလေးစားရမယ်
Source : The Catholic Weekly
ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ချင်တယ်ဆိုရင်တော့ ဘယ်တော့မှကိုယ်တစ်ယောက်တည်းအမြင်ကို တစ်ဖက်သက်ကိုင်စွဲထားလို့မရပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီတဲ့ အမြင်ဆိုတာရှိတာကြောင့် ကိုယ့်ရဲ့ အမြင်ကပဲ မှန်တယ်ဆိုပြီး တစ်ဖက်ပိတ်ပြောဆိုလို့တော့မရပါဘူး။ ညှိနှိုင်းသင့်တဲ့အရာဆို ညှိနှိုင်းတတ်ရမှာဖြစ်ပြီး တဖက်ကမှန်နေရင်လည်း လက်ခံပေးရဲတဲ့ သတ္တိရှိရပါမယ်။
(၂) နားထောင်ပေးတက်ရမယ်
Source : Shutterstock
ပေါင်းသင်းဆက်ဆံရေးမှာ သတိထားသင့်တဲ့အချက်တစ်ခုက ကိုယ်နဲ့စကားပြောနေတဲ့ တစ်ဖက်လူရဲ့ကို attenetion ပေးခြင်းဖို့ မမေ့သင့်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ စကားကို ဂရုတစိုက်နားထောင်ပေးတာက ယဉ်ကျေးမှုကိုဖော်ပြရာရောက်စေပြီး ကိုယ်နဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုရာမှာ ပိုပြီးထိရောက်မှုရှိစေပါတယ်။ ဒါကြောင့် လူတွေနဲ့စကားပြောဆိုတဲ့အခါ ဂရုတစိုက်နားထောင်ပေးတက်ဖို့ကလည်း အရေးကြီးတာဖြစ်ပါတယ်။
(၃) စည်းရှိရမယ်
Source : Jokes of the day
ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေဟာ လူ့ကျင့်ဝတ်ကိုနားလည်ပြီး စည်းထားတက်တဲ့အလေ့အထရှိပါတယ်။ လူတစ်ယောက်နဲ့ ဘယ်လောက်ပဲ ခင်မင်ရင်းနှီးပါစေ ကိုယ်ရေးကိုယ်တာကိစ္စတွေပြောဆိုတာ မေးမြန်းတာတွေကိုရှောင်သင့်ပါတယ်။ ကိုယ်ရဲ့အလိုက်မသိမှုတွေကနေ တဖက်လူကိုအနေခက်သွားစေရင် သင့်နဲ့ နောက်ထပ်တစ်ကြိမ် ပြောဆိုဆက်ဆံဖို့ကို လက်တွန့်သွားပါလိမ့်မယ်။