ကိုဗစ်ကာလအတွင်းမှာ ဝိတ်တွေအရမ်းတက်လာလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းလေးကိုဆက်ဖတ်ကြည့်လိုက်ပါ။ နည်းလမ်းမှန်ကန်စွာဝိတ်ကျချင်သူတွေအတွက် ထိရောက်တဲ့နည်းလမ်းကောင်းတချို့ကို ပြောပြပေးမှာဖြစ်ပါတယ်။
(၁) ကယ်လိုရီတွက်စားပါ

Source : Hardworkout
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ တစ်နေ့ကို စားသုံးသင့်တဲ့ ကယ်လိုရီပမာဏဆိုတာ ရှိပါတယ်။ တော်တော်များများက ဘယ်အစားအသောက်တွေမှာ ကယ်လိုရီပမာဏဘယ်လောက်ပါဝင်လဲ မသိဘဲ စားလိုက်ကြတာများပါတယ်။ သင့်အနေနဲ့ အလျင်အမြန်ဝိတ်ချင်တယ်ဆိုရင်တော့ တစ်နေ့တာ ကယ်လိုရီကို တွက်ချက်စားသုံးပါ။ အတတ်နိုင်ဆုံး ကယ်လိုရီများတဲ့ အစားအသောက်တွေ ဆီကြော်စာတွေ အသင့်စားအစားအသောက်တွေကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။
(၂) လေ့ကျင့်ခန်းလုပ်ပါ

Source : Verywell Fit
ကိုယ်အလေးချိန် ကျချင်ရင်တော့ ကယ်လိုရီများများလောင်ကျွမ်းစေဖို့ လေ့ကျင့ခန်းပုံမှန် ပြုလုပ်ရမှာဖြစ်ပါတယ်။ တစ်ရက်ကိုအနည်းဆုံး ၁ နာရီခန့်လေ့ကျင့်ခန်းလုပ်ပေးပါ။ အဓိကပျင်းမသွားဖို့ပါပဲ။ နေ့စဉ်နေ့တိုင်း ပုံမှန်လေ့ကျင့်ခန်းလုပ်မယ့် အစားထိန်းမယ်ဆိုရင် ခန္ဓာကိုယ်ဟာ အချိုးအစားကျကျ ကိုယ်အလေးချိန်လျောကျလာမှာဖြစ်ပါတယ်။
(၃) ပရိုတင်းဓာတ်ပါတဲ့ အစားစာတွေပိုစားပါ

Source : Women’s Alphabet
ဝိတ်အမြန်ချချင်တဲ့သူတွေအနေနဲ့ ပုံမှန်စားနေကျအစားအသောက်တွေအစား ပရိုတင်းဓာတ်ကို ပိုစားသုံးသင့်ပါတယ်။ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အယဟာရဓာတ်တစ်ခုဖြစ်သလို ခန္ဓာကိုယ်အတွင်းက ကယ်လိုရီတွေပိုမိုလောင်ကျွမ်းဖို့ တွန်အားပေးမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပရိုတင်းဓာတ်များများပါဝင်တဲ့ အသား ငါး၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးနဲ့ အစေ့အဆန်တွေကို ပိုမိုစားသုံးပေးသင့်တာပဲဖြစ်ပါတယ်။
(၄) အိပ်ချိန်ကိုဂရုစိုက်ပါ

Source : Shutterstock
အရမ်းညဉ့်နက်မှ အိပ်တာတွေ အိပ်စက်ချိန်မမှန်ကန်တာတွေဟာ သင့်ကိုပိုပြီးကိုယ်အလေးချိန်တက်လာစေမယ့် အချက်တွေပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ညဘက် မှာစောစော အိပ်ယာဝင်သင့်တာဖြစ်ပြီး တစ်နေ့ကိုပျှမ်းပျှ (၇)နာရီခန့်အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ အိပ်စက်ချိန်ဟာ ကိုယ်အလေးချိန်ချနေတဲ့သူတွေရော ကိုယ်အလေးချိန်တက်အောင်ကြိုးစားနေတဲ့ သူတွေအတွက်ပါ အရမ်းကိုအရေးကြီးပါတယ်။
