သင်နေ့စဉ် ပုံမှန်ပြုလုပ်နေကြ အရာထဲမှာ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေတဲ့အပြုအမူတွေ အများကြီးပါဝင်နေတယ်ဆိုတာ သတိထားမိပါသလား။ သင့်အနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ဖို့အကြံပြုချင်ပါတယ်။

(၁) မနက်စာပုံမှန်မစားခြင်း

Source ; Eat This, Not That

လူအများစုက မနက်စာကိုတော့ လျစ်လျူရှု့တတ်ကြပါတယ်။ တကယ်တော့ မနက်စာဟာ လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးတဲ့ စားသောက်မှုပုံစံတစ်ခုဖြစ်ပါတယ်။ မနက်စာပုံမှန်မစားဘူးဆိုရင် မှတ်ဉာဏ်စွမ်းအားကျဆင်းခြင်း ၊ ကိုယ်အလေးချိန်တိုးလာခြင်း ၊ အားအင်းလျော့နည်းခြင်းစတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် မနက်စာကို ပုံမှန်စားပေးဖို့လိုပါတယ်။

(၂) ဆေးလိပ်အရက်အလွန်အကျွံသောက်သုံးခြင်း

Source ; Libertatea

ဆေးလိပ်အရက်အလွန်အကျွံသောက်သုံးသူတွေဟာ ကိုယ်ရှိရင်းစွဲအသက်ထက် ၅ နှစ်နီးပါးခန့်ပိုပြီး ရုပ်ရင့်စေတယ်လို့ ဆေးပညာရှင်တွေကဆိုပါတယ်။ ဆေးလိပ်အရက်သောက်သုံးခြင်းက ခန္ဓာကိုယ်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဆိုးရွှာစွာထိခိုက်ပျက်စီးစေရုံသာမက စိတ်ကျန်းမာရေးအပေါ်မှာလည်းသက်ရောက်မှုရှိစေပါတယ်။ ဒါကြောင့် ဆေးလိပ်အရက်အလွန်အကျွံသောက်သုံးခြင်းကိုလုံးဝရှောင်သင့်ပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

Source ; The SpruceLi

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းက ကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး။ ကိုယ်လက်လှုပ်ရှားမှုမရှိပဲ အထိုင်များသူတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေအားနည်းလာပြီး လေဖြတ်ခြင်း ကိုယ်အလေးချိန်များလာခြင်း ကိုယ်ခံအားနည်းခြင်းတို့အပြင် စိတ်ဖိစီးမှုများခြင်းစတဲ့ရောဂါဝေဒနာတွေ ခံစားရနိုင်ပါတယ်။

(၄) စိတ်ဖိစီးမှုများနေခြင်း

Source : Heimarbeit.de

စိတ်ဖိစီးမှုများခြင်းဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာမှာပါ ဆိုးကျိုးတွေများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ စိတ်ကျရောဂါများ ဖြစ်ပေါ်လာစေပြီး မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုနည်းအောင်နေထိုင်ပြီး စိတ်ဖိစီးမှုလျော့ကျစေမယ့် တရားထိုင်ခြင်း ယောဂကစားခြင်း စတဲ့အရာတွေကိုလုပ်ဆောင်ပေးသင့်ပါတယ်။

(၅) အိပ်ချိန်အလုံအလောက်မရှိခြင်း

Source ; Smarter Nutrition

အိပ်စက်ချိန် မမှန်တဲ့အခါ စိတ်ဖိစီးမှုများလာပြီး စိတ်ကြည်လင်လန်းဆန်းမှုမရှိကာ အားအင်ကုန်ခမ်းနွမ်းလျနေတတ်ပါတယ်။ ကိုယ်ခံအား လည်းကျဆင်းစေပြီး အာရုံစူးစိုက်မှုမှတ်ဉာဏ်စွမ်းရည်တွေပါ ကျဆင်းကာ မကြာခဏသတိမေ့တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်ကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။