ကိုယ်အလေးချိန်ကျဖို့ဆိုရင် အစားအသောက်ရွေးချယ်မှုကလည်း နံပါတ်တစ်အရေးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ပါရဲ့ အစားတော့မထိန်းဘူးဆိုရင် မျှော်လင့်ထားသလောက်ရလဒ်ကို ရရှိဖို့ခက်ခဲမှာပါ။ဒါကြောင့်ဒီနေ့မှာတော့ ပိန်ဖို့ကြိုးစားနေသူတွေမဖြစ်မနေရှောင်ရမယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

(၁) အသင့်စား အစားအစာများ

Source : Magazine Q College

အာလူးကြော် ဟမ်ဘာဂါ ကြက်ကြော် စတဲ့အသင့်စား အစားအစာတွေမှာ ကယ်လိုရီပါဝင်မှုအရမ်းပါတယ်။ ကိုယ်အလေးချိန်လျော့ချဖို့အတွက်ဆိုရင် အဆိုပါ အသင့်စားအစားအစာတွေကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။

(၂) အချိုရည်

Source : IndexBox

အချိုရည်တွေမှာ များသောအားဖြင့် သကြားပါဝင်မှုအရမ်းကိုများပါတယ်။ သကြားဓာတ်လွန်ကဲခြင်းက ခန္ဓာကိုယ်ကျန်းမာရေးကိုဆိုးရွှားစွာထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့ချရာမှာလည်း ခက်ခဲစေပါတယ်။

(၃) ရေခဲမုန့်

Source : IndexBox

ရေခဲမုန့် ဆိုတာလူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတဲ အစားအစာတစ်ခုပါ။ ရေခဲမုန့်တွေက အရသာရှိသလောက် ကျန်းမာရေးအတွက်တော့မကောင်းပါဘူး။ ဘာကြောင့်လဲဆို ရေခဲမုန့်မှာ သကြားပါဝင်မှုအရမ်းများတာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေ လုံးဝရှောင်သင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

(၄) ကော်ဖီ

Source : WayCup

သကြားတွေ ခရင်မ်တွေပါဝင်တဲ့ ကယ်လိုရီမြင့်မားတဲ့ ကော်ဖီတွေက ကိုယ်အလေးချိန်လျော့ကျနေသူတွေ မဖြစ်မနေရှောင်ကျဉ်ရမယ့် သောက်စရာတစ်ခုဖြစ်ပါတယ်။ အကယ်၍သင်ဟာ ကော်ဖီကြိုက်သူတစ်ယောက်ဆိုရင်တော့ ခရင်မ်တွေ သကြားတွေ နို့တွေမပါတဲ့ Black ကော်ဖီသာသောက်သုံးသင့်ပါတယ်။