ကိုယ်တိုင်တည်ဆောက်ထားတဲ့ အချစ်ရေးတစ်ခုကို ဘယ်သူကမှလွယ်လွယ်လက်လွှတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ရှေ့ဆက်လိုအဆင်မပြေတော့တဲ့ အဆိပ်လို အချစ်ရေးမျိုးကို လက်မလွတ်ရင် သင့်အနေနဲ့ တစ်နေ့ထက်တစ်နေ့ နာကျင်ခံစားစရာတွေပဲ ပိုရလာနိုင်ပါတယ်။ ဒီနေ့မှာတော့ အဆိပ်လိုအချစ်ရေးမှာနစ်မျောနေခြင်းရဲ့ုဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။
(၁) နေ့ရက်တိုင်းပျော်ရွှင်မှုပျောက်လာမယ်

Source : Ringsakern
ဘယ်သူမှ ကိုယ့်ရဲ့တစ်နေ့တာ စိတ်ညစ်စရာတွေ ပူလောင်စရာတွေနဲ့ ပဲဖြတ်သန်းချင်ကြမှာမဟုတ်ပါဘူး။ တစ်နေ့တာဖြတ်သန်းရတဲ့ အချိန်မှာ ကြည်နူးမှုတွေ အပြုံးတွေနဲ့ပဲ ပျော်ရွှင်စွာဖြတ်သန်းချင်ကြမှာပါ။ အဆင်မပြေတဲ့အချစ်ရေးတစ်ခုပိုင်ဆိုင်ထားရပြီဆိုရင်တော့ နေ့ရက်တိုင်းက စိတ်ညစ်နေရဖို့ ရာခိုင်နှုန်းပိုများနေပါလိမ့်မယ်။
(၂) ဘဝအတွက်ထိခိုက်လာမယ်

Source : renapollak.com
အချစ်က ဘဝအတွက် တစ်ထောင့်တစ်နေရာကအရေးပါတယ်ဆိုပေမယ့် အချစ်တစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်လို့မရပါဘူး။ အနာဂတ်မှာပိုကောင်းတဲ့ဘဝရဖို့ အများကြီးကြိုးစားကြရအုန်းမှာပါ။ ဒီလိုငယ်ရွှယ်စဉ် ကြိုးစားအားထုတ်မှုတွေအတွက် အသင့်ဖြစ်နေသင့်တဲ့အရွယ်မှာ စိတ်ညစ်စရာအချစ်ရေးထဲမှာပဲအချိန်ကုန်နေရင် ဘဝတိုးတက်ဖို့အများကြီးထိခိုက်လာပါလိမ့်မယ်။
(၃) မကျန်းမာခြင်းတွေဖြစ်လာမယ်

Source : LoveToKnow
အဆိပ်လိုအချစ်ရေးရဲ့ ဘေးထွက်ဆိုးကျိုးကနေတဆင့် စိတ်ဖိစီးမှုတွေ ညဘက်အိပ်မရခြင်းတွေ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို မကျန်းမာခြင်းတွေစီ ဆွဲခေါ်နေသလိုဖြစ်နေပါလိမ့်မယ်။ တနေ့တခြား စိတ်ရောလူပါ ပင်ပန်းမှုတွေဖြစ်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်လာနိုင်ပါတယ်။
