ဒါလေးတောင်မလုပ်တတ်ဘူး
လူတွေအားလုံးက ပြည့်စုံမှုမရှိကြပါဘူး။ လိုအပ်ချက်တွေရှိနေကြတဲ့သူတွေဖြစ်ပါတယ်။ တခါတလေ ကိုယ်က စိတ်ညစ်နေတဲ့အခါ စိတ်ဓါတ်ကျနေတဲ့အခါ သင့်ကို ဒါလေးတွေ မဖြစ်ရှိအောင်မလုပ်တတ်ဘူး။ ဒီလောက်တောင်အသုံးမကျဘူးလို့ ပြောတာမျိုးမလုပ်သင့်ပါဘူး။
ချစ်ရင်အလိုလိုက်ပါ။
ချစ်သူထားတယ်ဆိုတာ ယူဖြစ်ချင်မှလည်းယူဖြစ်မှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားနိုင်တာမျိုးလည်းဖြစ်တတ်ပါတယ်။ ယောင်္ကျားလေးတွေ အားလုံးကိုမဆိုလိုပါဘူး။ အမျိုးကောင်းသား ယောင်္ကျားလေးတွေအနေနဲ့ မိန်းကလေးတစ်ယောက်ကို နှမချင်းကိုယ်ချင်းစာတဲ့အနေနဲ့ ဒီလိုမျိုး တောင်းဆိုလေ့မရှိပါဘူး။ ဆန္ဒကို သိက္ခာနဲ့ထိန်းကြပါတယ်။ မိန်းကလေးတွေအနေနဲ့ သင့်ချစ်သူက အဲဒီအပေါ်မှာ ဖိအားတွေအရမ်းပေးနေရင် အနီကဒ်သာထုတ်ပြလိုက်ပါ။ သင်တို့နှစ်ယောက်ရဲ့ အချစ်ကို ပိုပြီးခိုင်မြဲစေဖို့ ဒီလိုလုပ်မှဖြစ်မယ်လို့ သူကတောင်းဆိုလာရင် သင်တို့နှစ်ယောက်ဆက်ဆံရေးကို ပြန်ပြီးသုံးသပ်သင့်ပါတယ်။
မင်းအလုပ်ကြီးကလည်း ဘာကြီးမှန်းမသိဘူး။
အလုပ်တိုင်းဟာ မလွယ်ကူကြပါဘူး။ ဒီကနေ့ခေတ်မှာ အလုပ်ရဖို့နဲ့ လစာကောင်းရဖို့လည်း အပြိုင်အဆိုင် ကြိုးစားကြရတာပါ။ ချစ်သူအပေါ် အခုလို စကားမျိုး မပြောသင့်ပါဘူး။
မင်းရည်ရွယ်ချက်ကြီးက မဖြစ်နိုင်ပါဘူးကွာ။
လူတိုင်းလူတိုင်းမှာ ကိုယ်တိုင်ဖြစ်ချင်တဲ့ လိုချင်တဲ့ ရည်ရွယ်ချက် ပန်းတိုင်တွေအများကြီးရှိပါတယ်။ ချစ်သူရဲ့ ပန်းတိုင် ရည်ရွယ်ချက်တွေကို အားမပေး မထောက်ပံ့နိုင်ရင်တောင် ဟန့်တားတာမျိုးမလုပ်သင့်ပါဘူး။
ဝိတ်လျှော့သင့်တယ်။
မိန်းကလေးတွေရဲ့ ခန္တာကိုယ်ပိန်ခြင်း ဝခြင်းတွေအပေါ်မှာ အမျိုးသားတွေအနေနဲ့ ဝေဖန်ပြောဆိုတာမျိုးမလုပ်သင့်ပါဘူး။ ကိုယ့်ချစ်သူကိုဆို ပိုလို့တောင်မပြောသင့်ပါဘူး။ ချစ်သူရဲ့ အရှိကို အရှိအတိုင်းချစ်ပေးသင့်ပါတယ်။ မဟုတ်ရင် သင့်ချစ်သူဟာ သူ့ကိုယ်သူ ယုံကြည်မှု ပိုလျှော့သွားစေပါတယ်။
မင်းအိကျီ ၤကြီးကို ငါတော့မကြိုက်ဘူး။
လူတိုင်းမှာ ကိုယ်ပိုင်စတိုလ်နဲ့ အကြိုက်အမျိုးမျိုးရှိကြပါတယ်။ ချစ်သူနဲ့အတူတူ ရှော့ပင်းသွားလို့ ချစ်သူကရွေးလိုက်တဲ့အိကျီ ၤအပေါ် ဟာဘာမှန်းလည်းမသိဘူး။ ငါတော့မကြိုက်ဘူးလို့ ပြောတာမျိုး မလုပ်သင့်ပါဘူး။
သူ့မိတ်ဆွေ မိသားစုဝင်တွေကို ဝေဖန်ခြင်း။
ချစ်သူနှစ်ဦးကြားမှာ အဓိက ပြဿနာတစ်ခုကတော့ သူ့အသိုင်းဝိုင်း ကိုယ်အသိုင်းဝိုင်းအပေါ် ဝေဖန်ပြောဆိုတာမျိုးဖြစ်ပါတယ်။ ချစ်သူရဲ့ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေအပေါ် ဝေဖန်ပြေဆိုတာမျိုး မလုပ်သင့်ပါဘူး။
အရင်ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ပြောဆိုခြင်း။
သင့်ချစ်သူကောင်မလေးအပေါ် သင့်ရဲ့ ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ပြောဆိုတာမျိုးမလုပ်သင့်ပါဘူး။ တခါတလေ သင့်ချစ်သူမလုပ်ပေးနိုင်တဲ့အရာကို ငါ့ရဲ့ အရင်ရည်းစားကဘယ်လိုဆိုပြီး ပြောဆိုတာမျိုးကိုရှောင်သင့်ပါတယ်။ ပြီးတော့ ရည်းစားဟောင်းနဲ့ ဆက်သွယ်ပြောဆိုတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။









