ယောကျာ်းသားတစ်ယောက်အတွက် မိမိကိုယ်ကို အတတ်နိုင်ဆုံးဆွဲဆောင်မှုရှိစေရန် ဝတ်ဆင်တတ်ဖို့မှာ အလွန်အင်မတန်မှ အရေးကြီးပါတယ်။ သို့သော်လည်း အမျိုးသားများသည် တခါတလေမှာ လိုတာထက်ပို၍ ဝတ်ဆင်လိုက်မိသည့်အခါ ပုံကျနေသည့်စတိုင်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်ပါတယ်။

ထို့အတွက် ဤကဲ့သို့အမှားများကို ဖြစ်ပေါ်စေခြင်းမှ ကာကွယ်နိုင်ရန်အတွက် အမျိုးသားများ အထူးသတိထားရှောင်ကြဉ်သင့်သည့် အချက်လေးများကို ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်။

၁၀။ ရှပ်အင်္ကျီလက်ပင့်တင်ခြင်း

အလွယ်တကူ ရှပ်အကျီလက်ပင့်တင်လိုက်ခြင်းသည် သင့်ကိုကြည့်ရဆိုးစေသည့်အတွက် သေသေချာချာလိပ်တင်ကာ သပ်ရပ်သည့်အသွင်ကိုရရှိနိုင်ပါတယ်။

၉။ အမိုးအကာအောက်တွင်နေကာမျက်မှန်ဝတ်ခြင်း

မိမိဖက်ရှင်နဲ့လိုက်ဖက်ညီသည့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို ဝတ်ဆင်ခြင်းမှာ ပြဿနာမဟုတ်သော်လည်း မိုးလုံလေလုံနေရာသို့ရောက်သည့်အခါတွင်တော့ ချွတ်ထားခြင်းက သင့်ကိုပိုမိုစမတ်ကျစေမှာဖြစ်ပါတယ်။

၈။ အင်္ကျီခါးအတွင်းထိုးထည့်ခြင်း

အခြေအနေအများစုတွင် အင်္ကျီကိုခါးအတွင်းထည့်သွင်းကာ ဝတ်ဆင်သင့်သော်လည်း သေသေသပ်သပ်ရှိဖို့က အလွန်အရေးကြီးပါတယ်။ စနစ်တကျထည့်သွင်းထားခြင်းမရှိသည့် ရှပ်အင်္ကျီပုံစံသည် ဖြစ်ကတတ်ဆန်းနိုင်လှသည့်အတွက် သေချာဂရုတစိုက်လုပ်ဆောင်ပေးပါ။

၇။ နာရီမဝတ်ဆင်ခြင်း

နာရီသည် အင်မတန်ရိုးစင်းလှသည့် အဝတ်အစားဒီဇိုင်းကိုပင် ပို၍အဆင့်အတန်းမှီသွားအောင်လုပ်ဆောင်ပေးနိုင်သည့် accessory တစ်မျိုးဖြစ်ပါတယ်။ ထို့ကြောင့် အချိန်လည်းသိရှိနိုင်၍ ဖက်ရှင်ကျကျလည်းဝတ်ဆင်နိုင်မည့် နာရီကို မည်သည့်အခြေအနေမျိုးတွင်မဆို မဖြစ်မနေဝတ်ဆင်ဖို့ တိုက်တွန်းချင်ပါတယ်။

၆။ စနီကာဖိနပ်များကိုသာဝတ်ဆင်ခြင်း

စနီကာများသည် သင့်စတိုင်ကို ပိုမိုအသက်ဝင်စေသော်လည်း ထိုဖိနပ်များကိုသာ ထပ်တလဲလဲဝတ်ဆင်ခြင်းကတော့ အမှားကြီးတစ်ခုပါပဲ။ မိမိဝတ်ဆင်ထားသောအဝတ်အစားနှင့် လိုက်ဖက်ကိုက်ညီမှုရှိသည့် ဖိနပ်ပုံစံအမျိုးမျိုးကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် အစဉ်အမြဲမရိုးစေသော ဖက်ရှင်အသွင်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

၅။ ခြေအိတ်မဝတ်ခြင်း

ခြေအိတ်ပေါ်နေသည်ကို မကြိုက်နှစ်သက်သူများအနေဖြင့် လုံးဝမ၀တ်ဆင်ခြင်းထက် မသိသာသည့်ခြေအိတ်များ ကို ရွေးချယ်ဝတ်ဆင်ပေးနိုင်ပါတယ်။ ထိုသို့ပြုလုပ်ပေးခြင်းက တနေကုန်သက်သောင့်သက်သာမရှိခြင်းနှင့် ဖိနပ်ပျက်စီးခြင်းတို့မှ ကာကွယ်ပေးမှာဖြစ်ပါတယ်။

၄။ အချိန်အခါနှင့်ကိုက်ညီစွာ မဝတ်ဆင်ခြင်း

အကယ်၍ အရေးကြီးပွဲလမ်းသဘင်များနှင့် အလုပ်အင်တာဗျူးများသို့ သွားရောက်ရမည်ဆိုပါက အမြဲတမ်းသင့်တင့်လျောက်ပတ်မှုရှိစွာ ဝတ်စားဆင်ယင်ပါ။ သင့်အားကလေးဆန်သွားစေသည့် စတိုင်အမျိုးမျိုးကို ရောယှက်ဝတ်ဆင်ခြင်းကို မည်သည့်အခါမျှမပြုလုပ်မိရန်လည်း အကြံပေးချင်ပါတယ်။

၃။ တီရှပ်အရှည်များ

တခါတလေအချိန်များတွင် ဤခါးရှည်တီရှပ်များကို ဘောင်းဘီအချို့နှင့်တွဲဖက်ဝတ်ဆင်ခြင်းက စိတ်ဝင်စားဖွယ်ကောင်းသည်မှန်သော်လည်း ဟစ်ဟော့ပညာရှင်မဟုတ်လျှင်တော့ ထိုကဲ့သို့တီရှပ်မျိုးကိုဝတ်ဆင်ခြင်းကို အထူးသတိထားစေလိုပါတယ်။

၂။ ခြေအိတ်အဖြူများ

အားကစားနှင့်သက်ဆိုင်သည့် တစုံတရာကို မလုပ်ဆောင်နေပါက ခြေအိတ်အဖြူဝတ်ဆင်ခြင်းကို ဆင်ခြင်ဖို့သတိပေးချင်ပါတယ်။ အကယ်၍မိမိ၏ခြေအိတ်များကို ဆွဲဆောင်မှုရှိစေချင်လျှင်တော့ ပုံစံဒီဇိုင်းဆန်းသည့်အသွင်နှင့် ခြေအိတ်များကို ရွေးချယ်ဝတ်ဆင်ပေးနိုင်ပါတယ်။

၁။ ဘောင်းဘီအပွများ

မိမိ၏စတိုင်ကို ပျက်စီးစေရန်အတွက် အမျိုးသားများလုပ်ဆောင်နိုင်သည့် အဆိုးဆုံးသောအမှားများထဲမှ တစ်ခုမှာဆိုဒ်ကြီးနှင့်အပွဘောင်းဘီများကို ဝတ်ဆင်ခြင်းပဲဖြစ်ပါတယ်။ ထိုကဲ့သို့ဖက်ရှင်မျိုးကို ရွေးချယ်မိခြင်းက အခြားစတိုင်ကျသည့် ဖိနပ်များ၊ အင်္ကျီများကိုပါ ကြည့်ရဆိုးသွားစေမှာဖြစ်ပါတယ်။