ကျောက်ခေတ်က လူနေမှုဘဝနဲ့ ယနေ့ခေတ်လူနေမှုဘဝက တော်တော်လေးကို ကွဲပြားခြားနားပါတယ်။ ဆယ်စုနှစ်စီပြောင်းလဲလာရာကနေ အခုဆိုရင် တော်တော်လေးခေတ်မှီတိုးတက်နေပြီလို့ ဆိုရမှာပါပဲ။ ကမ္ဘာကြီးက နေ့စဉ်နဲ့အမျှတိုးတက်ပြောင်းလဲလာသလို လူသားတွေရဲ့အမူအကျင့်၊ သတ်မှတ်ထားတဲ့စံနှုန်း၊ ဘဝရည်မှန်းချက်နဲ့ သွင်ပြင်လက္ခဏာတွေကလည်း စက္ကန့်မလပ်ပြောင်းလဲနေပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်ကာလက အမျိုးသားတွေနဲ့ ယနေ့ခေတ်အမျိုးသားတွေကြား ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာကို ပန်းချီဆရာတစ်ယောက်က စိတ်ကူးဉာဏ်ကွန့်မြူးထားပြီး ပုံဖော်ထားတာကို အတူတူကြည့်လိုက်ရအောင်နော်။

အားကစားဝတ်စုံလေးဝတ်ပြီး အပြေးလေ့ကျင့်တာက ခေတ်နောက်ကျနေပါပြီ။ Gym လေး ဘာလေးသွား ပြေးစက်နဲ့ပြေးတာတို့ ဗလတောင့်အောင် ဆော့လာကြပါပြီ။

အချို့အမျိုးသားတွေဆို မုတ်ဆိတ်မွှေးတို့ ပါးသိုင်းမွှေးတို့ကို တယုတယနဲ့ ပိုးမွေးသလို မွေးကြပါတယ်။

အရင်ကတော့ အသိတစ်ယောက်နဲ့ လမ်းမှာတွေ့ရင် ပြုံးပြနှုတ်ဆက်နိုင်ပေမယ့် ဒီနေ့ခေတ်မှာတော့ စမတ်ဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ်နေကြပါပြီ။

အရင်ကလိုတော့ မိမိရဲ့ချမ်းသာကြွယ်ဝမှုကို အများမြင်သာအောင် ထုတ်မကြွားကြတော့ပါဘူး။

ဖက်ရှင်ကျပြီး လန်းနိုင်ဖို့အတွက် ပိုက်ဆံကိုဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားလာကြပါပြီ။

အရင်တုန်းက သူငယ်ချင်းတွေ တွေ့ဆုံနေကြနေရာနဲ့ ယခုသူငယ်ချင်းတွေ တွေ့ဆုံကြတဲ့နေရာ

ယနေ့ခေတ်မှာတော့ အင်တာနက်က အိပ်စက်ခြင်းထက် ပိုအရေးကြီးနေပါပြီ။

အင်တာနက်နဲ့ အမြဲမပြတ်ဆက်သွယ်မှုရရှိဖို့ လိုအပ်ကြောင်းဖော်ပြနေသောပုံ

ကျန်းမာရေးလိုက်စားခြင်းက သူတို့အတွက် ထင်ပေါ်ကျော်ကြားမှုကိုဆောင်ကျဉ်းပေးနိုင်တယ်လို့ ယူဆကြပါတယ်။

ဒီပုံလေးကို ကြည့်ခြင်းအားဖြင့် ယနေ့ခေတ်အမျိုးသားတွေက အရင်လို မာမာကြောကြောမဟုတ်တော့ဘဲ နူးညံ့ပျော့ပျောင်းလာကြပြီး တစ်ခုခုဆိုသည်းသည်းလှုပ်အကဲပိုတတ်နေကြပါပြီ။

သူတို့ရဲ့ဒီဇိုင်းကာလာအနေအထားကတော့ တော်တော်ကြီးကိုပြောင်းလဲသွားတာကို တွေ့မြင်ရမှာပါ။

ကာတွန်းဆွဲတဲ့သူကတော့ ပုံတစ်ပုံကို တိရိစ္ဆာန်အကောင်တစ်ကောင်စီ စိတ်ကူးပုံဖော် ရေးဆွဲပုံဖော်ပြထားတာပေါ့နော်။ အကယ်၍ စာဖတ်သူက ယောကျာ်းလေးတစ်ယောက်ဖြစ်မယ်ဆို ဒီရုပ်ပြကာတွန်းလေးက ရာခိုင်နှုန်းဘယ်လောက်ထိ မှန်တယ်လို့ ထင်ပါသလဲ။ စာဖတ်သူမိန်းကလေးဆိုရင်လည်း မိမိအစ်ကိုတွေ မောင်တွေ ဒါမှမဟုတ် မိမိရဲ့ချစ်သူက ဘယ်အကောင်လေးကို ကိုယ်စားပြုနေသလဲဆိုတာ ခေါင်းအစားခံပြီး စဉ်းစားလိုက်ပါဦး။

Source: Brightside.me