ချစ်သူနဲ့အတူတူ ဒိတ်လုပ်တဲ့အခါ ကြည်နူးစရာတွေနဲ့ ပျော်ရွှင်စွာပဲဖြတ်သန်းချင်ကြမှာပါ။ ဒါပေမယ့်တချို့သော အပြုအမူတွေက သင့်တို့နှစ်ယောက်ရဲ့ ကြည်နူးစရာအချိန်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဘယ်လိုအချက်တွေဖြစ်မလဲဆက်ကြည့်လိုက်ရအောင်။
(၁) အချိန်မတိကျခြင်း

Source : Peace Quarters
ဒိတ်လုပ်တိုင်း တစ်ခါနှစ်ခါလောက်နောက်ကျတာ ကိစ္စမရှိပေမယ့် အမြဲလိုလို ကောင်မလေးဘက်ကပဲ အမြဲစောင့်နေရတယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ချစ်သူနဲ့ ဒိတ်တော့မယ်ဆိုရင် ချိန်ထားတဲ့အချိန်ထက် ၁၅ မိနစ်လောက်ကြိုရောက်နှင့်နေတာကောင်းပါတယ်။
(၂) အဆင်မပြေမှုတွေငြီးတွားခြင်း

Source : MadameNoire
လူတိုင်းလူတိုင်းမှာ စိတ်ညစ်စရာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေရှိပါတယ်။ ကိုယ်အနေနဲ့ဒိတ်လုပ်စဉ်နေမှာ အလုပ်ကအဆင်မပြေတဲ့အကြောင်းတွေ မိသားစုကိစ္စတွေနဲ့ ကိုယ့်ရဲ့အဆင်မပြေမှုတွေကိုပဲ အမြဲရင်ဖွင့်နေမိတာမျိုးရှောင်သင့်ပါတယ်။
(၃) တခြားကောင်မလေးတွေလိုက်ကြည့်ခြင်း

Source : JenŽeny.cz
ဘယ်မိန်းကလေးကမှ သူမနဲ့အတူတူရှိနေစဉ်မှာ တခြားကောင်မလေးတွေကို အငမ်းမရလိုက်ကြည့်တာမျိုး လုံးဝကြိုက်ကြမှာမဟုတ်ပါဘူး။ ကိုယ်အနေနဲ့ ဘာရယ်မဟုတ်ဘူး တခြားကောင်မလေးတွေကိုကြည့်မိရင်တောင် သူမအနေနဲ့ သူမကိုစိတ်ကုန်နေပြီလား အသစ်ရှာချင်နေပြီလားဆိုတဲ့အတွေးမျိုးတွေ ဝင်သွားနိုင်ပါတယ်။
(၄)အာရုံမစိုက်ပဲနေခြင်း

Source : The Telegraph
ကိုယ်ချစ်သူနဲ့အတူရှိတဲ့အချိန်မှာ သူမကိုအာရုံမရပဲ ဖုန်းသုံးနေမယ်ဆိုရင် သင့်ကိုစိတ်ပျက်သွားစေမှာသေချာပါတယ်။ ဒါကြောင့် ဒိတ်လုပ်နေစဉ်မှာ ဖုန်းမကိုင်ပဲ သူမကိုပဲ အပြည့်အဝအာရုံစိုက်သင့်ပါတယ်။
