Covid ကာလမှာလူတွေအနေနဲ့ လူမှုနေထိုင်မှုပုံစံတွေ များစွာပြောင်းလဲလာပြီး အိပ်ချိန်တွေလည်း မမှန်တော့တဲ့ ဆိုးကျိုးတွေခံစားနေကြရပါတယ်။ ညဘက်တွေ မအိပ်တာက ခန္ဓာကိုယ်စိတ်ရောကိုယ်ပါ ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ညဘက်မအိပ်တဲ့သူတွေသိထားသင့်တဲ့ အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးတွေအကြောင်းပြောပြပေးချင်ပါတယ်။
(၁) အာရုံစူးစိုက်မှုကျဆင်းလာမယ်

Source : Enfield Independent
ညစဉ်ညတိုင်း ကောင်းစွာအိပ်ပျော်ခြင်းမရှိပဲ အိပ်ရေးပျက်နေမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြောကျန်းမာရေးကို ဆိုးရွှားစွာထိခိုက်စေနိုင်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေပေါ်မှာလည်း ကောင်းစွာအာရုံစူးစိုက်နိုင်ခြင်းမရှိတော့ပဲ စွမ်းဆောင်ရည်တွေ ကျဆင်းလာမှာဖြစ်ပါတယ်။
(၂) လေးလံထှိုင်းမှိုင်းလာမယ်

Source : Healthline
ညဘက်မှာကောင်းစွာအိပ်စက်အနားယူခြင်းမရှိရင် နောက်နေ့မှာ ပင်ပန်းနွမ်းနယ်မှုဒဏ်ကိုကောင်းကောင်းခံရနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်စွမ်းအင်ကို အိပ်စက်အနားယူခြင်းနဲ့ ပြန်လည်ဖြည့်တင်းရတာဖြစ်တာကြောင့် ကောင်းကောင်းအိပ်မှသာ ခန္ဓာကိုယ်က တက်ကြွလန်းဆန်းနေမှာပါ။ မဟုတ်ရင်တော့ နောက်နေ့မှာလေးလံထှိုင်းမှိုင်းမှုတွေနဲ့ နေရတာအဆင်မပြေဖြစ်နေပါလိမ့်မယ်။
(၃) ကိုယ်ခံအားနည်းလာမယ်

Source : Freepik
အိပ်စက်ခြင်းက ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိပါတယ်။ လုံလောက်တဲ့အိပ်စက်ချိန်မရှိပါက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်တွေအားနည်းလာပြီး ကူးစက်ရောဂါပိုးတွေအလွယ်တကူဝင်ရောက်လာနိုင်မှာဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအားကောင်းနေဖို့ကလည်း အရေးကြီးတာကြောင့် အိပ်ချိန်ပြည့်ဝစွာအိပ်စက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
(၄) စိတ်ဖိစီးမှုများလာမယ်

Source : Freepik
အိပ်ရေးပျက်တာများရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ အမြဲလိုလိုအိပ်ချိန်ပုံမှန်မရှိပဲ ဆက်တိုက် အိပ်ရေးပျက်နေမယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့ အမျှ စိတ်ကျရောဂါကိုပါခံစားလာရနိုင်ပါတယ်။ဒါကြောင့် ညဘက်မှာစောစောအိပ်ယာဝင်ပြီး တစ်နေ့ကိုပုံမှန် ၇ နာရီခန့် အိပ်စက်အနားယူပေးဖို့ လိုအပ်ပါတယ်နော်။
