Stress ဆိုတဲ့ စကားဟာ ဒီခေတ်ရဲ့ နေ့စဉ်သုံး ဘာသာစကားတစ်ခုလိုကို ဖြစ်နေပါပြီ။ လူတိုင်းဟာ ကိုယ်စီကိုယ်စီ အပူအပင်နဲ့ ဖိစီးမှုတွေ များနေကြပါတယ်။ စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်ရာမှာ လူတွေဟာ သက်သာလို သက်သာငြား နည်းလမ်းတွေ ရှာကြစမြဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ သိပ္ပံနည်းကျ လက်ခံထားတဲ့ စိတ်ဖိစီးမှု လျော့ပါးစေအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ချို့အကြောင်း မျှဝေပေးသွားမှာပါ။

(၁) ဗွီဒီယိုဂိမ်း ကစားခြင်း

Photo: theadultman

Video Games တွေဟာ စိတ်ဖိစီးမှု သက်သာစေဖို့ အထောက်အကူဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက လက်ခံထားကြပါတယ်။ အနည်းဆုံးတော့ ဂိမ်းကစားခြင်းဟာ စိတ်အပန်းပြေမှာတော့ သေချာပါတယ်။

(၂) သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောခြင်း

Photo: theadultman

အမျိုးသားတွေရော အမျိုးသမီးတွေပါ သူတို့ချစ်ခင်တဲ့ မိတ်ဆွေတွေနဲ့ စကားပြောလိုက်မယ်ဆိုရင် စိတ်ဖိစီးမှု သိသိသာသာ သက်သာသွားတယ်လို့ ဆိုပါတယ်။ ပြဿနာတွေကို ရင်ဖွင့်လိုက်ရခြင်းကြောင့် စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကြီးလည်း သက်သာစေနိုင်ပါတယ်။

(၃) လေ့ကျင့်ခန်း လုပ်ခြင်း

Photo: theadultman

လေ့ကျင့်ခန်းလုပ်ခြင်းကလည်း Stress ကို တိုက်ဖျက်ဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ အားကစားလုပ်နေချိန်မှာ ထွက်လာတဲ့ Endorphins ဟော်မုန်းဟာ နာကျင်မှုနဲ့ စိတ်ရှုပ်ထွေးမှုကို လျှော့ချပေးနိုင်ပါတယ်။

(၄) အနုပညာဖန်တီးခြင်း

Photo: theadultman

ကိုယ်ဝါသနာပါတဲ့ အနုပညာနဲ့ လက်မှုအလုပ်လေးတွေ ဖန်တီးနေချိန်မှာလည်း စိတ်ဟာ ကြည်လင်အေးချမ်းနေတတ်ပါတယ်။ အနုပညာဖန်တီးခြင်းဟာ တရာထိုင်ခြင်းလိုပဲ စိတ်ခံစားမှုတွေ ငြိမ်သက်ပြီး စူးစိုက်မှုဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။

(၅) စာဖတ်ခြင်း

Photo:theadultman

စိတ်ဖိစီးနေတယ်လို့ ခံစားနေရရင် စာအုပ်ကောင်းတစ်အုပ်ကို အဖော်လုပ်ဖို့ အကြံပေးချင်ပါတယ်။ စွန့်စားမှုနဲ့ စိတ်လှုပ်ရှားဖွယ် ရသတွေရဲ့ ဆွဲဆောင်မှုတွေနောက် စိတ်ကူးနဲ့ လိုက်ကြည့်ရင်းနဲ့ ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုဟာ လျော့လျော့သွားတာကိုပါ တွေ့မြင်လာရပါလိမ့်မယ်။