ညဘက်တွေမှာ အဝတ်မဲ့ အိပ်စက်ဖူးပါသလား။ အဝတ်ဗလာနဲ့ အိပ်စက်ခြင်း Naked Sleeping ကို လုပ်ဆောင်တဲ့သူ နည်းပါလိမ့်မယ်။ ဒီအ‌လေ့အထဟာ ကျန်းမာရေးအမြင်အရ ကြည့်မယ်ဆိုရင် ကောင်းကျိုးတွေ အများကြီးပေးပါတယ်။

(၁) နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်စက်စေတယ်

Photo: runsociety

အဝတ်အစားမဝတ်ဘဲ အိပ်စက်မယ်ဆိုရင် ခန္ဓာကိုယ်အပူချိန်ဟာ အကျမြန်ပါတယ်။ အပူချိန် ကျတာနဲ့အမျှ အမြန်အိပ်ပျော်ဖို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ ညဘက်အိပ်စက်ရာမှာ အဝတ်အစားနဲ့ အိပ်တာထက် အဝတ်မပါဘဲ အိပ်စက်တာက အိပ်လို့လည်း ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

(၂) စိတ်ဖိစီးမှုနဲ့ ရှုပ်ထွေးမှု လျော့ကျစေတယ်

Photo: runsociety

အိပ်ရေးဝသူတွေဟာ စိတ်ဖိစီးမှုနည်းတယ်ဆိုတာ အတော်များများ သိမှာပါ။ အပေါ်မှာ ပြောခဲ့သလို အဝတ်မပါဘဲ အိပ်တာကြောင့် အိပ်လို့ကောင်းတာကြောင့် စိတ်ကျန်းမာရေးပိုကောင်းလာပြီး ဖြစ်တတ်တဲ့ စိတ်တင်းကြပ်ဖိစီးမှုတွေ လျော့ပါးသွားနိုင်ပါတယ်။

(၃) ယုံကြည်မှု ပိုမြင့်လာမယ်

Photo: mensjournal

အဝတ်မဲ့ အိပ်စက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမြင့်လာစေလည်း အထောက်အကူဖြစ်ပါတယ်။ ကိုယ်လုံးတီးအိပ်စက်မှုအလေ့အထဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုနဲ့ ကိုယ့်ခန္ဓာကိုယ်ပေါ် စိတ်ကျေနပ်မှု ပိုတိုးလာစေနိုင်ပါတယ်။

(၄) အမျိုးသားတွေ မျိုးအောင်မှု မြင့်တယ်

Photo: savvyrest

အောက်ခံဘောင်းဘီဝတ်အိပ်စက်ခြင်းဟာ သုတ်ပိုးအရေအတွက်နဲ့ မျိုးအောင်နိုင်စွမ်းပေါ် သက်ရောက်မှု ရှိပါတယ်။ တင်းကြပ်တဲ့ အောက်ခံအဝတ်အစားတွေ ဝတ်ပြီး အိပ်စက်ခြင်းဟာ ကိုယ်ခန္ဓာအပူချိန် မြင့်မားစေပြီး သုတ်ပိုးတွေ သေကြေပျက်စီးစေနိုင်ပါတယ်။

(၅) ချစ်မှုရေးရာ ပိုကောင်းတယ်

Photo: RSVP

အဝတ်အစား မဝတ်ဘဲ အိပ်စက်ခြင်းဟာ ချစ်သူစုံတွဲတွေအကြား လိင်မှုကိစ္စကို အားပေးတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ အိပ်နေစဉ် အသားချင်းထိတွေ့မှုဟာ ချစ်မှုရေးရာ ဟော်မုန်းဖြစ်တဲ့ Oxytocin ထွက်မှု လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။