အလက်ဆစ်ဆန်းချက်ဇ်ကို အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခွင့်ပြုလိုက်ခြင်းကြောင့် မန်ယူအနေနဲ့ ပေါင် (၅၈) သန်း သက်သာမယ်လို့ သိရပါတယ်။ မန်ယူဟာ အာဆင်နယ်အသင်းကနေ ခေါ်ယူခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကို အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုခဲ့ပါတယ်။

Source: ronaldo.com
Daily Mail ရဲ့ဖော်ပြချက်အရ မန်ယူအသင်းဟာ ဆန်းချက်ဇ်ရဲ့ တန်ဖိုးမြင့်မားသည့် စာချုပ်ကို ဖျက်သိမ်းရန်အတွက် သူ့ကိုပြောင်းရွှေ့ကြေး အလွတ်ဖြင့် ထွက်ခွာခွင့်ပေးခဲ့ရကြောင်း သိရပါတယ်။
မန်ယူအသင်းနှင့်ချုပ်ဆိုထားသည့် လက်ရှိစာချုပ်အရ ဆန်းချက်ဇ်ရဲ့ တစ်ပတ်လုပ်ခလစာမှာ ပေါင် (၃) သိန်းခွဲဝန်းကျင်ရှိပြီး ဆုကြေး၊ ပုံရိပ်အသုံးပြုခများနှင့်ပေါင်းလျှင် ပေါင် (၅၆ဝဝဝဝ) အထိ ရှိနေပါတယ်။ ဆန်းချက်ဇ်၏အပြောင်းအရွှေ့မှာ အသေးစိတ်အချက်အလက်များအပြီးသတ်ရန် အပြန်အလှန်ဆွေးနွေးမှုများ ကျန်ရှိနေသေးသည်။

Source: MUFCLatest
အကယ်၍ အပြောင်းအရွှေ့အပြီးသက်ခဲ့ရင် ဆန်းချက်ဇ်၏စာချုပ်လက်ကျန်သက်တမ်း (၂) နှစ်အတွက် ပေးချေရဖွယ်ရှိသည့် ပေါင် (၅၈) သန်းခန့် မန်ယူအသင်း သက်သာသွားဖွယ်ရှိနေသည်။

Source: Web24 News
ဆန်းချက်ဇ်သည် အင်တာမီလန်အသင်းနှင့် (၃) နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ပြီး လစာငွေကိုတော့ လျှော့ယူရမှာဖြစ်ပြီး တစ်ပတ်လစာ ပေါင် (၁၂၅ဝဝဝ) သာ ရဖွယ်ရှိကြောင်း သိရသည်။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄၅) ပွဲကစားပေးထားပြီး (၅) ဂိုးသာသွင်းယူပေးထားနိူင်ခဲ့ပါတယ်။ (၂၀၁၉-၂၀၂၀) ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို အငှားနဲ့သွားရောက်ကစားနေတာဖြစ်ပြီး (၂၉) ပွဲကစားထားကာ (၄) ဂိုးသွင်းယူပေးထားပါတယ်။
အခြားသတင်းအရ မန်ယူအသင်းဟာ ဆန်ချိုကို တစ်ပက်လုပ်ခ ပေါင် (၃) သိန်းခန့်ဖြင့် ကမ်းလှမ်းမူပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
