အသက် (၃၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဂိုးသမားဟောင်း ကာဆီးလက်စ် ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှ အနားယူကြောင်းအတည်ပြုကြေညာခဲ့သည်။

စပိန်၊ ရီးယဲလ်မက်ဒရစ်၊ ပေါ်တိုအသင်းများတွင် ကစားခဲ့သည့် ကာဆီးလက်စ် ဘောလုံးလောကတွင် (၂၂) နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် ယခုလို အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တာပါ။

Source: The Indian Express

အဆိုပါ ကမ္ဘာ့ဖလား ကိုင်မြောက်ဖူးတဲ့ ဂိုးသမားဟာ (၂၀၁၉) မေလတွင် ပေါ်တိုအသင်းမှာ ကစားနေစဉ် ရောဂါအခြေအနေကြောင့် အနားယူခဲ့ရပါသေးတယ်။ ရောဂါအခြေအနေ ပြန်သက်သာလာတဲ့အချိန်မှာတော့ (၂၀၁၉-၂၀၂၀) ဘောလုံးရာသီတွင် ပေါ်တိုအသင်းရဲ့ ကစားသမား စားရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ကာဆီးလက်စ်ဟာ ရီးယဲလ်မက်ဒရစ်အသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်သူ အသင်းအတွက် ပြိုင်ပွဲစုံ (၇၂၁) ပွဲကစားပေးထားပြီး လာလီဂါအမှတ်ပေးချန်ပီယံ (၅) ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား (၃) ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိူင်ခဲ့ပါတယ်။

Source: Goal.com

စပိန်လက်ရွေးစင်အသင်းအတွက် (၂၀၀၀) ခုနှစ်မှ (၂၀၁၆) ခုနှစ်အထိ (၁၆) နှစ်တာကာလအတွင်း (၁၆၇) ပွဲကစားပေးခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံ (၁) ကြိမ်နှင့် ယူရိုဖလားချန်ပီယံ (၂) ကြိမ်စီ ရယူပေးနိူင်ခဲ့ပါတယ်။ (၂၀၁၅) ခုနှစ်မှာတော့ ပေါ်တိုအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၅၆) ပွဲကစားပေးခဲ့ပြီး ဆုဖလား (၂) လုံးရရှိခဲ့ပါတယ်။

Source: FirstSportz

ကာဆီးလက်စ်ဟာ ကလပ်အသင်းကစားသမားဘဝတွင် ပြိုင်ပွဲစုံပွဲပေါင်း (၈၈၁) ပွဲကစားခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ် (၃) ကြိမ်အပါအဝင် ဆုဖလား (၂၁)လုံးရရှိခဲ့သည်။

ကာဆီးလက်စ်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ၎င်းအနေဖြင့် ကစားသမားဘဝမှအနားယူပါက ရီးယဲလ်မက်ဒရစ်အသင်းတွင် အကြံပေးအဖြစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဖွင့်ဟထားသူဖြစ်သည်။