ရီးရဲမက်ဒရစ်နည်းပြဇီဒန်းဟာ သောကြာနေ့မှာ မန်ချက်စတာစီးတီးနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် မန်ချက်စတာကို ထွက်ခွာမယ့် ၂၄ ဦးစာရင်းမှာ ဂါရတ်ဘေးလ်ကို နောက်ထပ်တစ်ကြိမ် ချန်လှပ်ခဲ့တယ်လို့ talkSPORT ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒါပေမယ့်လည်း နည်းပြဇီဒန်းဟာ အီတီဟတ်မှာ ကစားရမယ့် ၁၆ သင်းရှုံးထွက်ဒုတိယအကျော့ပွဲစဉ်အတွက် ခရီးထွက်ခွာမယ့်အသင်းလူစာရင်းမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိတဲ့ ဆာဂျီယိုရာမို့စ်ကို ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်ဟာ မန်ချက်စတာစီးတီးအသင်းကို ပထမအကျော့အိမ်ကွင်းဘာနေဗျူးမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အနည်းဆုံး ၂ ဂိုး မဖြစ်မနေ သွင်းယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Photo: Entertainment Overdose
ရာမို့စ်ဟာ ပထမအကျော့မှာတုန်းက ဒုတိယပိုင်းပွဲကစားချိန် ပြီးဆုံးခါနီးမှာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး မန်စီးတီးနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဘယ်လိုမှ ပါဝင်ကစားပေးနိုင်မှာမဟုတ်ပေမယ့်လည်း အဝတ်လဲခန်းအတွင်းမှာ ရှိနေခွင့်ရမှာဖြစ်ပါတယ်။

Source : Irish Mirror
ဂါရတ်ဘေးလ်နဲ့ နည်းပြဇီဒန်းတို့ကြားက ခါးသီးတဲ့ရန်ငြိုးဟာ ဘောလုံးလောကရဲ့ အဆိုးရွားဆုံးလူသိများတဲ့လျှို့ဝှက်ချက်တွေထဲကတစ်ခုဖြစ်ပြီး ဇီဒန်းဟာ ၎င်းရဲ့နောက်ဆုံးလူစာရင်းရွေးချယ်ရာမှာ ဘေးလ်ကို ချန်လှပ်ခဲ့တာကြောင့် ၎င်းတို့ကြားက အမုန်းတရားတွေက ပိုမိုကြီးမားလာခဲ့ပြီဖြစ်ပါတယ်။
