ချစ်သူနှစ်ဦးကြားမှာ အချိန်တော်တော်များများ အဆင်မပြေမှုတွေကပဲ ကြီးစိုးနေပြီးလား။ အဆင်မပြေမှုတွေက ချစ်သူနှစ်ဦးကြားကပျော်ရွှင်စရာအချိန်တွေကို ဖျက်စီးနေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက်စိတ်ပျက်ခြင်းတွေပဲ ပိုဖြစ်လာစေနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူစုံတွဲတွေအနေနဲ့ အဆင်မပြေတဲ့အချိန်တွေကနေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာပြောပြပေးချင်ပါတယ်။
(၁) ဖြေရှင်းပါ

Source : ZYTO
ပြဿနာတစ်ခုခုဖြစ်ရင် တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှု့တာမျိုးလုံးဝမလုပ်သင့်ပါဘူး။ တစ်ယောက်ရဲ့ ခံစားချက်ကိုတစ်ယောက်ကိုနားလည်အောင်လုပ်ပါ။ ဖြေရှင်းပါ။ ပြဿနာတက်တိုင်း ပြဿနာတွေကိုကျော်ချသွားတာမျိုးမလုပ်ပါနဲ့။
(၂) ကိုယ်ပိုင်အချိန်ပေးပါ
Source : The List
ချစ်သူနှစ်ဦးကြားမှာကိုယ်ပိုင်အချိန်ရှိဖို့ကလည်းအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လွတ်လပ်ခွင့်ကိုအပြည့်အဝလေးစားဖို့လိုပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန်မှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ ဝါသနာပါတဲ့အရာလေးတွေလုပ်ဆောင်တာက ချစ်သူနှစ်ဦးကြားက အဆင်မပြေမှုတွေကိုပြေလျော့စေမှာပါ။
(၃) မလုပ်ဖူးတဲ့အရာတွေလုပ်ကြည့်ပါ

Source : YourTango
ချစ်သူနှစ်ဦးတစ်ခါမှမလုပ်ဖူးသေးတဲ့ဝါသနာတွေ အသစ်အဆန်းတွေ တစ်ခုခုကို နှစ်ယောက်အတူတူပြုလုပ်ကြည့်ပါ။ ဒါကချစ်သူနှစ်ဦးကြားမှာ သံယောဇဉ်ပိုတိုးလာစေနိုင်သလို ပြဿနာဖြစ်နေတဲ့အခြေအနေကလည်း ရုန်းထွက်နိုင်မှာပါ။ မသွားဖူးတဲ့ခရီးတွေ မလုပ်ဖူးသေးတဲ့ဝါသနာအသစ်တွေ စသဖြင့်လုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။

