ကာတွန်းကားတွေကို ကလေးတွေအများစုက သဘောကျနှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် တစ်ချို့လူကြီးတွေလည်း ကာတွန်းကားတွေကို နှစ်ခြိုက်စွာ ကြည့်နေကြဆဲပါ။
ဒီနေ့တော့ kwee page က နာမည်ကျော်ကာတွန်းကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာအကြောင်းလေးတွေကို တင်ပြပေးသွားမှာပါ။
Mulan
Source: 花木蘭
ဇာတ်လမ်းကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတာပါ။ Hua Mulan ကိုသူမရဲ့အဖေက မြင်းစီး၊ ဓားခုတ်၊ မြားပစ် ပညာတွေအပြင် သိုင်းပညာတွေပါ သင်ပေးခဲ့ပါတယ်။ ဘုရင်ကြီးက တိုင်းပြည်ကိုကာကွယ်ဖို့အတွက် တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမယ်လို့ အမိန့်ထုတ်လိုက်တဲ့အချိန်မှာ Mulan ဟာနေမကောင်းဖြစ်နေတဲ့ သူမအဖေအစား ယောကျ်ားလေးဟန်ဆောင်ပြီး စစ်မှုထမ်းခဲ့ပါတယ်။ (၁၂) နှစ်တာစစ်မှုထမ်းခဲ့စဉ်ကာလအတွင်း များစွာတဲ့ ဂုဏ်ပြုဆုတွေ ရခဲ့ပါတယ်။ သူမရဲ့ လိမ်ညာမှုကို ဘယ်သူမှ မရိပ်မိခဲ့ကြဘူး။
Up
Source: The Mirror
(၂၀၀၆) ခုနှစ်တွင် Seattle ဒေသမှာ မိုးမျော် အဆောက်အအုံတွေ ဆောက်လုပ်ဖို့ပြင်ဆင်ခဲ့ပါတယ်။ တိုက်ဆောက်မဲ့နေရာမှာ Edith Macefield လို့ခေါ်တဲ့ အသက် (၈၅) နှစ်အရွယ်အဖွားကြီး တစ်ယောက်နေထိုင်ခဲ့ပါတယ်။ သူမကို နေရာပြောင်းရွှေ့ပေးဖို့အတွက် ဒေါ်လာ (၁) သန်းပေးခဲ့တာတောင် မယူပဲ ငြင်းဆန်ခဲ့ပါတယ်။ သူမအတွက် ငွေတွေမလိုအပ်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။
Balto
Source: Central Park
ဇာတ်ကားက အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ (၁၉၂၅) ခုနှစ်တွင် Nome လို့ခေါ်တဲ့ ရွာမှာကပ်ရောဂါ ကျရောက်ခဲ့ပါတယ်။ Balto လို့ခေါ်တဲ့ ခွေးဟာ အခြားခွေးတွေကို ဦးဆောင်ပြီး သူ့သခင်နဲ့အတူ (၅၂) မိုင်ဝေးတဲ့ အရပ်ကို အရောက်သွားပြီး ကပ်ရောဂါအတွက် ဆေးကိုသွားယူခဲ့ပါတယ်။ ကပ်ရောဂါက (၅) ရက်အတွင်း ပျောက်ကင်းသွားခဲ့ပါတယ်။
Balto ရဲ့ဇာတ်လမ်းအကြောင်းကို ယနေ့တိုင် အာလက်စကာ ကျောင်းတွေမှာ သင်ကြားနေဆဲပါ။ Balto ကိုဂုဏ်ပြုသောအားဖြင့် နယူးယော့ခ်ဗဟို ပန်းခြံမှာ ပုံတူထုပြီး ထားထာပါတယ်။
Pinocchio
Source: Reel History – blogger
Pinocchio ဇာတ်ကြောင်းကို ရေးတဲ့စာရေးဆရာဟာ ကလေးတွေကို သိပ်ပြီးသဘောကျတဲ့သူမဟုတ်ဘူး။ ကလေးတွေကို သင်ခန်းပေးဖို့အတွက် လူလိမ် Pinocchio ဇာတ်ကောင်ကိုဖန်တီးပြီး အပစ်ပေးတဲ့အနေနဲ့ သစ်ပင်မှာ ကြိုးဆွဲချထားခဲ့ပါတယ်။ စာဖတ်သူတွေဟာ Pinocchio ကိုသဘောကျနှစ်ခြိုက်ကြတာကြောင့် စာတည်ဖြတ်သူက စာရေးသူကို Pinocchio ကိုပြန်အသက်သွင်းဖို့ ပြောခဲ့ပါတယ်။