မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ တနင်္လာနေ့ညနေက ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ကိုပင်ဟေဂင်ကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ကိုပင်ဟေဂင်ကွင်းလယ်ကစားသမားနဲ့ စကားစမြည်ပြောဆိုရာမှာ ဘရူနိုဖာနန်ဒက်စ်ကို လှောင်ပြောင်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကိုပင်ဟေဂင်အသင်းကို အနိုင်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး အချိန်ပို ၉၅ မိနစ်မှာ ရရှိခဲ့တဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Photo: talksport

ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲချိန်အများစုမှာ အကျိုးသက်ရောက်မှုရှိအောင် ပြုလုပ်ဖို့ ရုန်းကန်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ၎င်းရဲ့ နောက်ဆုံးပေးပို့မှုက စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားက ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လိုတွေးခဲ့မိလဲဆိုတာကို ပွဲအပြီး ကိုပင်ဟေဂင်ကစားသမား ဇီကာနဲ့ စကားပြောဆိုနေချိန်မှာ ရှင်းရှင်းလင်းလင်း သိအောင်ပြောပြသွားခဲ့တာဖြစ်ပါတယ်။
ဇီကာဟာ ဆိုးလ်ရှားမရောက်လာခင်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့ စကားပြောဆိုနေခဲ့တာဖြစ်ပြီး ဇီကာက ကနဦးမှာတော့ နည်းပြဆိုးလ်ရှားရဲ့ အိုးထရက်ဖို့ဒ်မှာ ပြုလုပ်နိုင်ခဲ့တဲ့ အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ဂုဏ်ပြုစကားပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စကားစမြည်ပြောဆိုနေမှုက ပွဲအကြောင်းကို ရောက်ရှိသွားတဲ့အချိန်မှာတော့ ဆိုးလ်ရှားက ဖာနန်ဒက်စ်ကို လူစားလဲပစ်ချင်ခဲ့တယ်လို့ ဇီကာကို ပြောကြားခဲ့ပြီး သူက ခင်ဗျားကို တချိန်လုံးဘောလုံးပေးနေတာလို့ ခနဲ့ခဲ့တာဖြစ်ပါတယ်။

Photo: Football News

ဘရူနိုဖာနန်ဒက်စ်က လူရှေ့သူရှေ့မှာ အပြောခံလိုက်ရတာကို စိတ်ဆိုးခဲ့ပုံမပေါ်ဘဲ ဆိုးလ်ရှားနဲ့ ဇီကာတို့ စကားပြောနေစဉ်အတွင်းမှာ ပြုံးရယ်နေခဲ့တာကို တွေ့ရပြီး ယူနိုက်တက်ဟာ သြဂုတ်လ ၁၆ ရက်နေ့မှာ ကစားရမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ဝုဗ် သို့မဟုတ် ဆီဗီလာတို့ထဲက တစ်သင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။