စပါးအသင်းဟာ ဆောက်သမ်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား ပီယာရီ အမ်မလီ ဟိုးဘတ်ကို (၅) နှစ်သက်တမ်းစာချုပ်ဖြင့် အပြီးသက်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

Source: Goal.com
အဆိုပါ အသက် (၂၅) နှစ်အရွယ် ကစားသမားအတွက် စပါးအသင်းက ပေါင် (၁၅) သန်းအသုံးပြုခဲ့ရပါတယ်။ အပြန်အလှန်အနေနဲ့ စပါးအသင်းရဲ့ ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ကီလီ ဝေါ်ကာဟာ ဆောက်တမ်တန်ကို ပေါင် (၁၂) သန်းဖြင့် အပြီးသက်ပြောင်းရွှေ့သွားခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၃) နှစ်အရွယ် ဝေါ်ကာဟာ ဇန်နဝါရီလတွင် စပါးအသင်းမှ ဆောက်သမ်တန်သို့ ရာသီကုန်အထိ အငှားဖြင့်ပြောင်းရွှေ့ကစားနေသူဖြစ်ပါတယ်။

Source: Yahoo News Singapore
ဟိုးဘတ်ဟာ ဇွန်လမှစတင်ကာ အသင်းခေါင်းဆောင် အဖြင်မှ ဖယ်ရှားခံခဲ့ရပြီး နောက်ပိုင်းပွဲစဉ်တွေမှာလည်း အရန်ခုံတွင်သာ ထိုင်နေခဲ့ရပါတယ်။ ဟိုးဘတ်ကို အသင်းတော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး အဆိုပါအသင်းများထဲတွင် အဲဗာတန်လည်း ပါဝင်ကြောင်းသိရပါတယ်။

Source: Vital Spurs
ဟိုးဘတ်ဟာ (၂၀၁၆) တွင် ဘေယန်မြူးနစ်မှ ဆောက်သမ်တန်သို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် (၄) နှစ်တာကစားခဲ့ကာ ပြိုင်ပွဲစုံ (၁၃၄) ပွဲကစားပေးခဲ့ပြီး (၅) ဂိုးသွင်းယူပေးထားပါတယ်။ ဘေယန်မြူးနစ်ကစားသမားဟောင်း ဖြစ်တဲ့ဟိုးဘတ်ဟာ စပါးအသင်းမှာ ကျောနံပက် (၅) ဂျာစီ ဝတ်ဆင်ကစားမှာဖြစ်ပြီး ကွင်းလယ်ခံစစ်နေရာမှာ အားဖြည့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဟိုးဘတ်ဟာ စပါးအသင်းရဲ့ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူခဲ့သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်တွင် အဆင့် (၆) နေရာတွင်သာရပ်တည်နိူင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပါတယ်။
