ကျန်းမာချင်ရင် အစိမ်းရောင်ရှိတဲ့ အသီးအရွတ်တွေ များများစားပေးရမယ်လို့ လူတိုင်းက သိထားကြတယ်။ ဒီထဲမှာ ဟင်းနုနွယ်လည်း အပါအဝင်ဖြစ်ပါတယ်။ ဟင်းနုနွယ်ကို ဆေးဘက်ဝင်တဲ့ အပင်တစ်ခု အဖြစ် လူတော်တော်များများကသိထားကြတယ်။

ဒီနေ့ kwee page ကဟင်းနုနွယ်စားပေးခြင်းကနေ ရလာနိုင်တဲ့ အကျိုးကျေးဇူးအကြောင်း ပြောပြပေးသွားမှာပါ။

ကိုယ်ခံအားမြင့်တက်စေတယ်

Source: Dr. Farrah MD

ဟင်းနုနွယ်မှာပါဝင်တဲ့ ဗီတာမင်အေဟာ ကိုယ်ခံစွမ်းအားအတွက် အလိုအပ်ဆုံး ဗီတာမင်ဓာတ်ပါပဲ။ ဗီတာမင် အေကြောင့် ခုခံအားမြင့်တက်လာမယ့်အပြင် သွေးဖြူဥဆဲလ်တွေကိုပါ အားကောင်းစေတာကြောင့် အပြင်က ဝင်ရောက်လာမယ့်ရောဂါပိုးမွှားအများစုကို ကာကွယ်ပေးပါတယ်။

ပြီးတော့ ဗီတာမင် အေဟာ အသားအရေနုပျိုစေတဲ့အာနိသင် ၊ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဝက်ခြံကင်းစင် အရွယ်တင်နုပျိုစေပါတယ်။

အမြင်အာရုံကို ကောင်းမွန်စေပါတယ်

Source: Newsy Today

အစိမ်းရောင်ရှိတဲ့ ဟင်းနုနွယ် အရွက်လေးထဲမှာ အမြင်အာရုံအတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအပြင် ပါဝင်တဲ့ beta-carotene က ဗီတာမင် အေဓာတ်ချို့တဲ့တာကိုလည်း ကာကွယ်ပေးဦးမှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျတဲ့ အာနိသင်လည်းပါဝင်တာကြောင့် မျက်လုံး ဓာတ်မတည့်မှုကြောင့် ရောင်ရမ်းတာ၊ မျက်လုံးနီတာ ယားတာတွေ အတွက်လည်း အသုံးဝင်လှတဲ့ ဟင်းနုနွယ်ပါ။

ကိုယ်အလေးချိန် လျှော့ချနေသူတွေအတွက် အသုံးဝင်တယ်

Source: Times of India

ဟင်းနုနွယ်ဟာ အဆီပါဝင်မှုနည်းတယ်၊ အာဟာရဓာတ်တွေလည်း အများကြီးပါပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိူင်ပါတယ်။ ကယ်လိုရီပမာဏကလည်း မများတဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုလည်း အထောက်အကူပြုစေပါတယ်။

အရိုးအဆစ်တွေကို သန်မာစေတယ်

Source: Live Science

ဟင်းနုနွယ်မှာပါတဲ့ ဗီတာမင် ဒီဟာ အရိုးအဆစ်တွေကို သန်မာစေပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် ဗီတာမင် ဒီ ပါဝင်တဲ့ ဟင်းနုနွယ်ကို စားပေးလို့လည်းရပါတယ်။ အရွယ်တင်နုပျိုစေမယ့်အပြင် ဝက်ခြံတွေကိုလည်း တားဆီးပေးဦးမှာပါ။