ဘာစီလိုနာနောက်ခံလူတစ်ဦးဖြစ်တဲ့ Umtiti ဟာ Covid-19 ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သောကြာနေ့က အတည်ပြုလိုက်ပါပြီ။
Umtiti ဟာဒဏ်ရာရနေတာကနေ မကြာသေးခင်ကမှ ပြန်သက်သာလာတာဖြစ်ပြီး တစ်ဦးထဲသီးသန့် ခွဲပြီးစောင့်ကြည့်ထားတာဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ အသက် (၂၆) နှစ်အရွယ် Umtiti ဟာ ဒူးဒဏ်ရာကြောင့် ဇူလိုင်လကတည်းက အသင်းပွဲစဉ်တွေကို လွဲချော်နေခဲ့တာပါ။

Source: Goal
အဆိုပါဘာစီလိုနာနောက်ခံလူဟာ ရောဂါလက္ခဏာ တစ်စုံတစရာပြခြင်းမရှိဘဲ ဗိုင်းရပ်စ်ကူးစက်ထားခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
“ ကြာသာပတေးနေ့က ပြုလုပ်ခဲ့တဲ့ ဗိုင်းရပ်စစ်ဆေးမူအပြီးမှာ ပထမအသင်းကစားသမားဖြစ်တဲ့ Samuel Umtiti ဟာ ဗိုင်းရပ်စ်ကူးစက်ထားခံရကြောင်း သိရှိခဲ့ရပါတယ်။ သူ့ဟာ ကျန်းမာရေးကောင်းမွန်နေပြီး အိမ်မှာပဲ သီးသန့်ထားကာ စောင့်ကြည့်နေပါတယ်။ ကလပ်အသင်းအနေနဲ့ ကစားသမားရဲ့အခြေအနေကို အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းကြားထားသလို သူနဲ့ထိတွေ့ခဲ့တဲ့ လူတွေကိုလည်း စစ်ဆေးမူတွေပြုလုပ်သွားမှာပါ။” လို့ဘာစီလိုနာအသင်းရဲ့ တရားဝင်ဝက်ဆိုဒ်မှာ ထုတ်ပြန်ထားပါတယ်။

Source: Reuters
Umtiti ဟာဒဏ်ရာကြောင့် သောကြာနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားသမားစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိသလို ကစားသမားတွေနဲ့လည်း ထိတွေ့ခဲ့ခြင်း မရှိဘူးလို့လည်းသိရပါတယ်။ Umtiti ဘာစီလိုနာအသင်းမှာ ဒဏ်ရာပြသာတွေနဲ့ ရုန်းကန်နေရပြီး ပွဲထွက်ခွင့်မှာလည်း အကန့်အသက်တွေရှိနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် ချိတ်ဆက်မူတွေ ပြုလုပ်နေပါတယ်။

Source: FotMob
ပြီးခဲ့တဲ့လက စပါးအသင်းက အဆိုပါနောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင့် သတင်းတွေထွက်လာခဲ့ပါသေးတယ်။ အဲဗာတန်နဲ့ဝက်စ်ဟမ်းအသင်းတို့ကလည်း ဘာစီလိုနာမှ နေရာမရဖြစ်နေတဲ့ Umtiti ကိုမျက်စိကြနေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ Umtiti ဟာပြီးခဲ့တဲ့ (၂၀၁၉-၂၀၂၀) ဘောလုံးရာသီတွင် အသင်းအတွက် လာလီဂါပွဲစဉ် (၁၁) ပွဲသာကစားထားရပြီး အသင်းပြောင်းရွှေ့ဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။
Umtiti ဟာ (၂၀၁၆) ခုနှစ် ဘာစီလိုနာကို ရောက်လာပြီးကတည်းက အသင်းအတွက် ပြိုင်ပွဲစုံ (၁၁၆) ပွဲအထိကစားပေးထားပြီး ဆုဖလား (၆) လုံးအထိရရှိထားပါတယ်။
