လူတိုင်းနီးပါး ခရီးသွားခြင်းကို နှစ်သက်သဘောကျလေ့ရှိပါတယ်။ ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်တဲ့ စက်ရုံဆိုပြီး တင်စားခေါ်ဝေါ်ကြပါတယ်။ နိုင်ငံတော်တော်များများဟာ ခရီးသွားလုပ်ငန်းကနေ တိုင်းပြည်ဝင်ငွေ အမြောက်အများရရှိနေကြပါပြီ။ ဒါပေမယ့် တံခါးပိတ်ဝါဒ ကျင့်သုံပြီး ခရီးသွားလုပ်ငန်းကို အားမပေးတဲ့ နိုင်ငံတွေလည်းရှိနေပြန်ပါတယ်။
ဒီနေ့ kwee page က သွားရောက်လည်ပတ်ဖို့အတွက် အန္တရာယ်များသောနိုင်ငံတွေကို ဖော်ပြပေးသွားမှာပါ။
လစ်ဗျား

Source: The-Conflict-and-Environment-Observatory
ရာဇတ်မှု ထူပြောတဲ့ နိုင်ငံဖြစ်ပြီး အချိန်မရွေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။ ပြီးတော့ ပြည်ဝင်ခွင့် ရဖို့ကလည်း မလွယ်ပါဘူး။ စစ်ဆေးမှုတွေ အများကြီးကျော်ဖြတ်ပြီးမှ ဗီဇာပေးပါတယ်။
အီရန်

Source: CNN.com
အီရန်နိုင်ငံကို သွားလည်မယ်ဆိုရင် အရင်ဦးဆုံး တီဟီရန် လေဆိပ်ကခွင့်ပြုတဲ့ ခရီးသွားဗီဇာ ရဖို့လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေဆိုရင် ဗီဇာကို တိုက်ရိုက်လျှောက်လို့မရပါဘူး။ အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့ အီရန်နိုင်ငံကို သွားမယ်ဆိုရင် ဝါရှင်တန် DC မြို့ ပါကစ္စတန် သံရုံးမှာ ဖွင့်လှစ်ထားတဲ့ အီရန်နိုင်ငံ နဲ့ သက်ဆိုင်တဲ့ ဌာနမှ တရားဝင် ဗီဇာရမှသာ နိုင်ငံထဲဝင်ခွင့်ရမှာပါ။
ဆီးရီးယား

Source: Handelsblatt
ဆီးရီးယားက ပြည်တွင်းပဋိပက္ခတွေအများကြီးဖြစ်ပွားနေပြီး အစိုးရနဲ့ သူပုန်တွေကြားမှာ အမြဲလိုလို စစ်ဖြစ်ပွားနေတဲ့ နိူင်ငံပါ။ ဗီဇာ ရဖို့ကလည်း အင်မတန်ခတ်ခဲပါတယ်။ ဗီဇာ ထောက်ခံချက်ရဖို့တောင် လုပ်ရမယ့် အဆင့်တွေက ရှုပ်ထွေးပြီး အကြာကြီးစောင့်ရပါတယ်။
မြောက်ကိုးရီးယား

Source: World Nomads
မြောက်ကိုးရီးယားကို သွားလည်ချင်တယ်ဆိုရင် အရင်ဦးဆုံး ခရီးသွားကုမ္ပဏီ နဲ့ package အပြည့် ကြိုတင်ဝယ်ယူထားရပါတယ်။ နိုင်ငံအတွင်းလည်ပက်နေစဉ်အတွင်းမှာလည်း ဧည့်လမ်းညွှန်နဲ့ပဲ တချိန်လုံးလည်ပတ်ရမှာပါ။ ပြီးတော့ အစိုးရက သက်မှတ်ထားတဲ့ စည်းမျဉ်းတွေကို အတိအကျလိုက်နာနိူင်ရပါမယ်။ တကယ်လို့တခုခု အမှားလုပ်မိခဲ့ရင် ထောင်ကျရင်ကျ မကျရင် ပြည်နှင်ဒဏ်ပေးခံရပါတယ်။ ဝယ်ထားတဲ့ ခရီးစဉ်တွေကိုလည်း ငွေပြန်မအမ်းပါဘူး။
ဆိုမာလီယာ

Source: Deutsche Welle
ဆိုမာလီယာနိုင်ငံဟာ ပင်လယ်ဓားပြတွေ အင်မတန်သောင်းကျန်းတဲ့ နိူင်ငံပါ။ ဆိုမာလီယာ ကိုသွားလည်ချင်တယ်ဆိုရင် ထောက်ခံချက် နဲ့ လာလည်ဖို့ဖိတ်ကြားမှသာ သွားလို့ရတာပါ။
