ငွေကြေးကိုဘယ်လိုစီမံခန့်ခွဲပြီး တိုးပွားအောင်လုပ်မလဲဆိုတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာသိပေမယ့် မလိုက်နာနိုင်ကြဘူး။ တစ်ချို့သောလူတွေက ငွေကိုမှန်ကန်တဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ပြီးချမ်းသာသွားကြပါတယ်။
ဒီနေ့ kwee page ပြောပြပေးမှာကတော့ ငွေကြေးကို ဘယ်လိုမျိုးစီမံခန့်ခွဲမလဲဆိုတဲ့အကြောင်းပါပဲ။
မိမိကိုယ်ကို ရင်းနှီးမြှပ်နှံပါ

Source: Bright Side
အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့ မိမိကိုယ်ကို ရင်းနှီးမြှပ်နှံခြင်းပါပဲ။ သင်ယူလေ့လာတာ အတွေ့အကြုံအသစ်တွေ ရယူတာတွေက အကောင်းဆုံးတော့ ရင်းနှီးမြှပ်နှံခြင်းပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကိုသင်ယူပါ။ ဒါမှမဟုတ် အနာဂတ်အတွက် လိုအပ်လာနိုင်တဲ့ အတက်ပညာတွေ ဆည်းပူးနိူင်မယ့် သင်တန်းတခုခုတက်တာ စာအုပ်ဖက်တာတွေ ပြုလုပ်ပေးပါ။ မိမိကိုယ်ကိုရင်းနှီးမြှပ်နှံမှုများလေလေ တန်ဖိုးရှိတဲ့လူဖြစ်လာလေလေပါပဲ။
မိတ်ဆွေသူငယ်ချင်းတွေ မိသားစုဝင်တွေကို ပိုက်ဆံချေးခြင်းကို ဖြစ်နိုင်ရင်ရှောင်ပါ

Source: Money Crashers
မိတ်ဆွေသူငယ်ချင်းတွေ မိသားစုဝင်တွေကို ပိုက်ဆံချေးခြင်းကို ဖြစ်နိုင်ရင်ရှောင်ပါ။ ပြန်ရဖို့ လမ်းစနည်းပါတယ်။ သူတို့တွေက အချိန်ကြာလာရင် အကြွေးရှိတာမေ့မှာပဲဆိုပြီး တွေးတက်ကြတယ်။ ဒီလိုနားလည်မှုလေးတွေ လွဲမှာခြင်းက မိတ်ဆွေသူငယ်ချင်းတွေ မိသားစုဝင်တွေကြားမှာရှိတဲ့ ရင်းနှီးခင်မင်မှုကို ပျက်စီးစေပါတယ်။ အကောင်းဆုံးကတော့ ပိုက်ဆံမချေးပေးပါနဲ့။ ဒီလိုမှမဟုတ်ရင်တော့ ပြန်ပေးရမယ့် အချိန်ကာလတစ်ခုခုသတ်မှတ်ထားသင့်ပါတယ်။
တစ်ယောက်တည်း ဈေးဝယ်ထွက်ပါ

Source: SalesForce Search
သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်တဲ့အချိန်မှာ ပိုက်ဆံတွေ ပိုပြီးသုံးလေ့ရှိကြပါတယ်။ ဆိုင်တော်တော်များများကို သွားပြီး အင်္ကျီတွေ စမ်းဝတတ်ကြည့်တယ်။ သူငယ်ချင်းတွေကလည်း ဝယ်ဖို့မြှောက်ပေးတယ်။ ဒီလိုနဲ့ မလိုအပ်ဘဲ ပစ္စည်းတွေအများကြီးဝယ်မိသွားတက်ကြတယ်။ ဒါကြောင့် ပိုက်ဆံချွေတာချင်တယ်ဆိုရင် တစ်ယောက်တည်း ဈေးဝယ်ထွက်တာ အကောင်းဆုံးပါ။
ဈေးကွက်လှည့်ကွက်ထဲမဝင်မိပါစေနဲ့

Source: FoodNavigator-Asia
ကုမ္ပဏီ ကြီးတွေတော်တော်များများမှာ ဈေးကွက်ထဲမှာ သူတို့ရဲ့ထုတ်ကုန်တွေ ရောင်းချနိုင်ဖို့အတွက် လှည့်ကွက်တွေရှိပါတယ်။ လျှော့ဈေးတွေ ပရိုမိုးရှင်းတွေ ပေးနေတယ်ဆိုတာက သူတို့ရဲ့ လှည့်ကွက်တွေပါပဲ။ လျှော့ဈေးတွေ ပရိုမိုးရှင်းတွေ ပေးနေတယ်ဆိုပြီး တွေ့ကရာ မဝယ်မိပါစေနဲ့။ နောက်ဆုံးမှာ မလိုအပ်ဘဲ ပစ္စည်းတွေ ပုံနေပါလိမ့်မယ်။
