မိန်းကလေးတစ်ယောက် ဆွံ့အသွားလောက်တဲ့ လက်ဆောင်ကောင်းဖြစ်ဖို့ဆိုတာ သူမအကြိုက် စရိုက်နဲ့ တစ်ထပ်တည်းကျမှ ဖြစ်တာပါ။ လက်ဆောင်ပေးဖို့ဆိုတာ ယောင်္ကျားလေးအများစု အတော်ခေါင်းစားတဲ့ ကိစ္စဖြစ်ပါတယ်။ Valentine Day ၊ မွေးနေ့ ၊ ခရစ္စမတ်နဲ့ နှစ်ပတ်လည်နေ့တွေ စသည်ဖြင့် လက်ဆောင်ပေးရမယ့် အချိန်တွေကလည်း အတော်များတာကြောင့် ဘယ်လိုအခြေအနေမျိုးမဆို လက်ဆောင်ပေးဖို့ အကောင်းဆုံး ဖြစ်မယ့် လက်ဆောင်ပစ္စည်းတစ်ချို့အကြောင်း မျှဝေလိုက်ပါတယ်။
(၁) ပန်းပွင့်များ

Photo: grafomap
မိန်းကလေးတွေရဲ့ သဘာဝအရ ပန်းတွေကို ချစ်ပြီးသားပါ။ ပန်းပွင့်တွေကို အခုနောက်ပိုင်းမှာ အနုပညာမြောက်အောင် ထုပ်ပိုးပြင်ဆင်ပေးတဲ့ ဝန်ဆောင်မှုတွေလည်း ရှိလို့ ပန်းတစ်စည်းလောက် ပေးဖို့ဆိုတာ သိပ်ခက်မှာ မဟုတ်ပါဘူး။
(၂) မိတ်ကပ်ဗူး

Photo: grafomap
အလှပြင်ပစ္စည်းအစုံအလင်ပါတဲ့ မိတ်ကပ်ဗူးကြီး တစ်ဗူးကို ဘယ်ကောင်မလေးမှ ငြင်းချင်မှာ မဟုတ်ပါဘူး။ ဒီတော့ ကောင်မလေးတစ်ယောက်ကို လက်ဆောင်ပေးမယ်ဆိုရင် မိတ်ကပ်နဲ့ အလှပြင်ပစ္စည်းတွေ ထည့်နိုင်မယ့် ဗူးတစ်ဗူးသာ ဝယ်ပေးလိုက်ပါ။
(၃) အိမ်မွေးတိရစ္ဆာန်

Photo: Pinterest
ဒါကတော့ သူမချစ်တတ်တဲ့ Pet လေးတွေအကြောင်းတော့ သိဖို့ လိုမှာပါ။ ခွေးလေး ၊ ကြောင်လေးတွေဟာ သက်ရှိ လက်ဆောင်ဖြစ်သလို သူမအတွက် အဖော်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။
(၄) အမှတ်တရစာအုပ်

Photo: Blurb
Memory Book တစ်အုပ်ဟာ တန်ဖိုးထားမှုရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ ရွှင်မြူးချမ်းမြေ့ဖွယ် အမှတ်တရတွေကို ကိုယ့်ချစ်သူဆီက လက်ဆောင်ရတာ ကိုတော့ ဘယ်ကောင်မလေးမဆို ဝမ်းမြောက်ပျော်ရွှင်မှာ အသေအချာပါပဲ။
