မန်ချက်စတာစီးတီးအသင်းဟာ စနေနေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ လိုင်ယွန်အသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ပရိသတ်အစုအဖွဲ့တစ်ခုဟာ နည်းပြ ဂွါဒီယိုလာကို ရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုနေကြတယ်လို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။

Photo: Daily Mail

မန်ချက်စတာစီးတီးအသင်းဟာ လီဂူးဝမ်းထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ လိုင်ယွန်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူးမူဆာဒမ်ဘီလီက မန်စီးတီးကို အိမ်ပြန်ဖို့သေချာစေမယ့် နောက်ကျဂိုး ၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာကြောင့် မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ရရှိခဲ့တဲ့ လိဂ်ဖလားတစ်လုံးတည်းသာ အောင်မြင်မှုရရှိခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး တနင်္ဂနွေနေ့နံနက်ပိုင်းက တွစ်တာလူမှုကွန်ရက်မှာ #PepOut ဆိုတဲ့ လှုပ်ရှားမှုဟာ လူမှုကွန်ရက်အသုံးပြုသူများကြားမှာ ပျံ့နံှ့လာခဲ့တာဖြစ်ပါတယ်။

Photo: guardian

ပရိသတ်တစ်ဦးက “ပက်က ငါတို့ကို နှစ်သက်စရာကောင်းတဲ့အမှတ်တရအချို့ကို ပေးခဲ့တယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အမှန်တရားက သူက အရမ်းပိုက်ဆံအသုံးကြမ်းပြီး ငါတို့ရဲ့ခံစစ်ကိုတောင် မဖြေရှင်းနိုင်သေးဘူးဆိုတာပဲ”

“သူက လိုင်ယွန်ကိုတောင် အနိုင်မယူနိုင်ဘူး။ ဘိုင်ယန်မြူးနစ်ဆို ပိုဝေးသေးတယ်။ ငါတို့တွေ ရှုံးနိမ့်ခဲ့တာ ဒါမှမဟုတ် သူတို့ရဲ့ အရှက်ရအောင်လုပ်တာခံခဲ့ရတာကလည်း ကောင်းတာ ဖြစ်ချင်ဖြစ်မှာပေါ့”လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အမှတ်တရတွေအတွက် ကျေးဇူးတင်ပါတယ် ပက်ဂွါဒီယိုလာ။ ဒါပေမယ့် အခုထွက်သွားရမယ့်အချိန်ရောက်ပြီ။ ပက် ထွက်သွား”လို့ ရေးသားခဲ့ပါတယ်။